Part 3

244 33 0
                                    

မှောင်​ကျ​နေတဲ့ ဘဝငယ်​ထဲကို အလင်း​ပေါက်​တစ်​​ပေါက်​ တိုးဝင်​တဲ့အခါ ရတဲ့နည်းနဲ့ ဖမ်းဆုတ်​ကိုင်​ရမှာက နိယာမ တစ်​ခု!

ဒါမဲ့ မာန​တွေ အာဃာတ​တွေ ​မောဟ​တွေ လွှမ်းခြုံလိုက်​တဲ့အခါ......

ကိုယ့်​ရဲ့ နုံချာ​နေတဲ့ အ​မှောင်​ကမ္ဘာအတွက်​ ထွန်းလင်း​ပေးတဲ့ အလင်း​ရောင်​ကို ကိုယ့်​ရဲ့ လက်​နှစ်​ဖက်​နဲ့ အတင်းအကြပ်​ ပိတ်​ကာထားမိပြန်​တယ်​.....

ဤသည်​ကား......
အတ္တသည်​ပဲလား????

•••
RED
•••

"ငါ့ Ge Ge ကို မထိနဲ့!!!!!"

ပြဲလန်​စွာ ထွက်​​ပေါ်လာတဲ့ ​က​လေးမ​လေးရဲ့ ​အော်​သံ​ကြောင့်​ ​ကောင်​​လေးအုပ်​စုရဲ့ အာရုံဟာ သူမ့ဆီ ပျံ့လွင့်​သွားတယ်​...

"ဘာလဲ??!နင်​နဲ့ ဘာဆိုင်​လဲ??!"

အဲ့ လက်​​တောက်​​လောက်​ က​လေးအရွယ်​​လေးထဲမှာ​တောင်​မှ ​ခေါင်း​ဆောင်​လို့ ထင်​ရတဲ့ ဝတုတ်​တုတ်​က​လေး​လေးက ​ရှေ့ထွက်​ပြီး ​ကောင်​မ​လေးအသံထက်​ကျယ်​​အောင်​ ပြန်​​ချေပလိုက်​တယ်​.

"နင်​!!!!!GE GE ရဲ့ ​ချော့ကလက်​ကို ခိုးတယ်​!!!!!!"

အဲ့ ဖက်​တီး​လေးရဲ့ လက်​ထဲက မြင်​ဖူးတဲ့ ​ချော့ကလတ်​ကို မြင်​​တွေ့လိုက်​တာနဲ့ Lu Mei ရဲ့ ​ဒေါသ​တွေဟာ လျှံကျလာပါ​တော့တယ်​.

"ဘယ်​မှာ ခိုးလို့လဲ??!! Lu Han မင်း ​ကျွေးတာမလား??!​ပြောလိုက်​​လေ!!"

"M...M..ee..Mei......."

"Ge Ge ​တော်​​တော့!!!
ငါ နင်​တို့ကို ဆရာမနဲ့ တိုင်​မှာ!!"

Lu Meiရဲ့ စကားက တစ်​ဖက်​​ကောင်​​လေး​တွေ အတွက်​ ဟာသပါ​ရော့ထင့်​!
တဟားဟားနဲ့ကို ဟားတိုက်​ရယ်​​မောကြ​လေရဲ့!

"တိုင်​​လေ...ငါ့ MaMaက ​ကျောင်းအုပ်​နဲ့ ရင်းနီးတယ်​ကွ!!!ဟား ဟား ဟား ဟား!!"

"ရတယ်​...အဲ့တာဆို PaPaကိုတိုင်​မှာ !!!
ငါတို့ PaPaက စခန်းမှူး! နင်​တို့ကို ခိုးမှု အနိုင်​ကျင့်​မှုနဲ့ ချုပ်​ထားမှာ!"

အဲ့အခါမှ ထိုက​လေး​လေး​တွေရဲ့ မျက်​နှာမှာ စိုးရိမ်​သွားကြဟန်​ဖြင့်​!

RED[HIATUS]Where stories live. Discover now