Part 4

241 34 1
                                    

"သားနဲ့ သမီး ​သေချာသွား​နော်​....
ဟိုမှာ အစစအရာရာ ဂရုစိုက်​!ပြီး​တော့ ​တွေ့သမျှလူ​တွေကို မယုံနဲ့..."

"ဟုတ်​ကဲ့ပါ...MaMaကလဲ...Ge Geလဲ ပါ​နေတာကို!"

MaMa၏ လက်​​တွေကို ခါယမ်းကာ က​လေးသဖွယ်​​ဆော့​နေ​သော Mei Mei ၏ သူ့ကိုရည်​ညွှန်း​သောစကား​ကြောင့်​ Lu Hanမော်​ကြည့်​မိသည်​....

Ma Ma သည်​ သူ့ဖက်​ကို ​စောင်းငဲ့ကာ အ​နွေး​ထွေးဆုံးပြုံးပြပြီး Mei ၏ ​ဖောင်း​နေ​သော ပါးက​လေးများကို ညှစ်​ကာ

"Ge Geကိုလဲ ဂရုစိုက်​ဦး Mei~
လိုအပ်​တာရှိရင်​ အကုန်​​သေချာ လိုက်​လုပ်​​ပေး~"

သူ့ထက်​ Meiကို​ကျော်​ကာ သူ့အားအပ်​​နေ​သော Ma အား သူထိုအချိန်​က အပြစ်​မမြင်​ခဲ့မိ​သေးပါ...

"ဟုတ်​ပါပီ...MaMaရဲ့ သမီး သိပါတယ်​...
Ge ကို သမီး​စောင့်​​ရှောက်​မှာ စိတ်​ချ!!"

Mei Mei ရဲ့ က​လေးသဖွယ်​ ကတိ​ပေးမှု​တွေ​ကြောင့်​ သူပြုံးမိသည်​....

နောက်​ Ma Maသည်​ Meiကို ​ပွေ့ဖက်​ပြီး သူ့ဆီကီုတည်​လာ​သောအခါ သူလဲ အလိုက်​သင့်​ Ma ၏ ရင်​ခွင်​ထဲတိုးဝင်​ကာ ​ထွေး​ပွေ့ထားမိသည်​.....

နောက်​ Ma Ma က သူ့ရဲ့ ​မေတ္တာ​တွေ ​လွှမ်းခြုံ​နေ​သော လက်​အစုံ​နွေး​နွေးဖြင့်​ သူ့ပါးနှစ်​ဖက်​ကို ပွတ်​သပ်​ကာ ​တွေ​​တွေ​လေးကြည့်​​နေ၏......

ထို့​နောက်​ နဖူးပြင်​ကို ဖွဖွနမ်းကာ လက်​တစ်​ဖက်​ကို အုပ်​ကိုင်​၍ စိတ်​ချပါရ​စေ ဟူ​သော မျက်​ဝန်းတို့ဖြင့်​ ကြည့်​​နေ၏...

မေ​မေ့၏ ​မေတ္တာဓာတ်​သည်​ ​လေဆိပ်​တစ်​ခုလုံး၌လွှမ်းခြုံ​နေ​လေ၏

•••
RED
•••

MEI Mei ကြိုက်​နှစ်​သက်​​သော ကိုရီးယား​မြေ၏ အ​ငွေ့အသက်​သည်​...သူ့အား လွှမ်းရစ်​မြူံ​​နေပြန်​၏....

မြေစိမ်းနံ့နည်းနည်းသင်း​သော ကိုရီးယား​မြေသည်​... ​သာယာနာ​ပျော်​ဖွယ်​အတိဟု ထိုအချိန်​က သူထင်​မြင်​ခဲ့​ပေသည်​.....

ကောင်းကင်​၌ ရစ်​ထုံ​နေ​သော ​လေထုသည်​ပင်​လျှင်​အနည်းငယ်​မျှ​တော့ ကွဲပြားသည်​ဟု သူ​တွေးထင်​မိ၏...

RED[HIATUS]Where stories live. Discover now