Part 6

121 21 2
                                    

တစ်​ကိုယ်​လုံး မူးရစ်​နုံးချာ​နေ​သော အာရုံနှင့်​ LuHan အိပ်​ရာထဲသာ ​ခွေ​နေမိသည်​။ ​နေ့​တွေလည်း မသိ ၊ ည​တွေလည်း မသိ ။ ဘယ်​အချိန်​ ဘယ်​အခါ မဆိုထားနှင့်​ ။
ဒီ​နေ့ဘယ်​ရက်​ဆိုသည်​ကိုပင်​ သူခန့်​မှန်းနိုင်​ခြင်း မရှိပါ​လေ။

သူ့အတွက်​ မျက်​လုံးပွင့်​လာလျှင်​လည်း ထနိုင်​သည့်​အင်​အားမရှိ ။ လှဲ​လျောင်းပြီး ကြာလျှင်​လည်း သတိလစ်​သည်​လား အိပ်​​ပျော်​သည်​လား သူ့ကိုယ်​သူ မသဲကွဲတဲ့အထိ ၊ ဤအလုပ်​နှစ်​ခုနှင့်​သာ ပတ်​ချာလည်​ရိုက်​လျက်​ရှိသည်​။

တစ်​ခါတ​လေ သူနိုးလာလျှင်​ သူ့ခန္ဓာကိုယ်​တွင်​ ​ချွေးထွက်​​နေသည်​ကို ခံစားရမည်​။ တစ်​ခါတ​လေလည်း ​အေး​နေသည်​​ပေါ့။ တစ်​ခါတ​လေကျရင်​လည်း တစ်​ကိုယ်​လုံး ဘယ်​နားကပူလို့ ပူမှန်းမသိ ၊ ခံရခက်​လှသည်​။
သို့​သော်​လည်း သူ့တွင်​ အသံထွက်​ဖို့​တောင်​ အားမရှိ။

သူ ဒီ​လောက်​ခံစား​နေရသည်​ကို​တောင်​ တစ်​​လောကလုံး သတိမထားမိကြဘူးလား လို့​တော့ သူ​ယောင်​လို့​တောင်​မ​တွေးမိပါ​ချေ။
ဖြတ်​သွားဖြတ်​လာ​တွေရှိ​သော လမ်းကြားထဲ သူ​မေ့လဲ​နေခဲ့တုန်းက​တောင်​ ထူမ​ပေးခဲ့တဲ့သူ တစ်​​ယောက်​​တောင်​ မရှိဘူးမလား ?

ိထိုသို့သူစိမ်း​တွေက​တောင်​ သူ့ကို လျစ်​လျူရှုထားပြီးပြီပဲ ...
သူ့ကို မုန်းတီး အမြင်​မကြည်​တဲ့ အတန်း​ဖော်​ အတန်းသား ၊ အ​​ဆောင်​​ဖော်​​တွေဆီက​တော့ သူ ဘာ​မျှော်​လင့်​လို့ရဦးမှာလဲ?
ပြောရမည်​ဆိုလျှင်​ အခန်းတွင်း သူတိတ်​တိတ်​​လေး ​သေသွားရင်​​တောင်​ ​ပျော်​ရွှင်​​နေကြမဲ့ သူ​တွေချည်းပဲ ။

"အဟွတ်​...ဟွတ်​ "

အသံကမထွက်​နိုင်​တဲ့ကြားထဲ ​ချောင်းဆိုးရလျှင်​ LuHan ပင်​ပန်းသည်​။ ထိုသို့ ​ချောင်းဆိုးရမည့်​အစား သူ အိပ်​​ပျော်​(တစ်​နည်း ​မေ့​မြော)တာကမှ ခံရ​တော်​​သေးသည်​ဟု LuHan ​တွေးမိသည်​အထိ ။

သိပ်​​တော့မကြာ LuHan ဆု​တောင်းပြည့်​​လေပြီ ...။ ​မှေးစင်းလာ​သော မျက်​ခွံတို့က မကြာခင်​ LuHan ကို ​ခြောက်​ခြား​စေ​သော အိပ်​မက်​တို့ထဲသို့ အပြင်းခရီးနှင်​​စေဦးမည်​။ ပြီးလျှင်​ သူလန့်​နိုးလာမည်​။ ခန္ဓာကိုယ်​အနှံ့နာကျင်​ခြင်းကို ခံစားရမည်​။ ပြီးရင်​​တော့ သူထပ်​ အိပ်​​ပျော်​သွားမည်​။

RED[HIATUS]Where stories live. Discover now