Black Killer-8

4.5K 453 14
                                    

Zawgyi

Lay စခန်းရောက်သည်အထိမနေ့ကအကြောင်းကိုစဉ်းစားနေမိတယ်...

ဘယ်သူကများသူ့ကိုလုပ်ကြံချင်ရတာလဲ? ဘာလို့လဲ? ဘာရန်ငြိးရှိလို့လဲ? ဘာအတွက်လဲ?

Lay စဉ်းစားခန်းဝင်နေတုန်း သူ့ပုခုံးကိုလာပုတ်တဲ့ Suho...

"Lay ဘာတွေအဲ့လောက်အသည်းအသန်စဉ်းစားနေရတာလဲ? ငါခေါ်နေတာတောင်မကြားရအောင်?"

"omm ငါမနေ့ကအကြောင်းစဉ်းစားနေတာ"

"မနေ့က? မနေ့ကဘာဖြစ်လို့လဲ?"

"မနေ့ညက ငါအိမ်ပြန်သွားတော့လုပ်ကြံခံရတယ်"

"Bor!!! လုပ်ကြံခံရတယ်?! ဘာဖြစ်သွားသေးလဲ?"

Lay ကိုဆွဲထူလိုက်ကာနေရာအနှံ့ဒဏ်ရာလိုက်ရှိနေတဲ့ Suho...
ဘေးက Chen ချောင်းတစ်ချက်ဟန့်လိုက်ကာ...

"ဒါကစခန်းနော် အနေအထိုင်ဆင်ခြင်ကြဦး"

Chen စကားကြောင့် Suho မျက်နှာရဲသွားကာ ဟိုဘက်လှည့်သွားတယ်...Lay ကတော့အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီးမသိချင်ယောင်ဆောင်နေလေရဲ့...

တကယ်တော့ Lay, Suho နဲ့ Chen ကငယ်သူငယ်ချင်းတွေ...Uni တက်တဲ့အထိ အမြဲတမ်းအတူတူဘဲ...စုံခေယထာက်ဖြစ်ချင်တာချင်လည်း ဝါသနာတူတာမို့သုံးယောက်လုံးစုံထောက်လုပ်ခဲ့ကြတယ်...ကံကောင်းချင်တော့ ဋ္ဌာနတစ်ခုတည်းမှာ သုံးယောက်အတူတူတာဝန်ကျတယ်လေ...တစ်နေ့ Lay နဲ့ Suho ကရာထူးတက်သွားပေမဲ့ Chen ကအကြောင်းတစ်ခုကြောင့်ကျန်ခဲ့တာ...အဲ့တာကြောင့်လူတွေရှေ့ဆို Lay နဲ့ Suho ကိုလေးလေးစားစားဆက်ဆံနေတာပေါ့....လူကွယ်ရာဆိုရင်တော့ ပြောမနာဆိုမနာတွေလေ...

Suho နဲ့ Lay နဲ့က uni တက်ကတည်းကမရိုးသားဘူး တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာလေ...Chen ကအကုန်သိတယ်...ဒါပေမဲ့သူနားမလည်တာတစ်ခုရှိတယ်...Lay ကလည်း Suho ကိုချစ်တယ်...Suho ကလညိး Lay ကိုချစ်ရဲ့သားနဲ့ဘာလို့အခုထိ ချစ်သူမဖြစ်သေးမှန်းကိုနားမလည်တော့ဘူး...

Suho-" အဟမ်း...စောစောကအကြောင်းဆက်ပြောပါဦး...လုပ်ကြံရတယ်ဆိုတော့ ဘာဖြစ်သွားသေးလဲ Lay?"

Chen-" ဘာမှမဖြစ်လို့ သူဒီမှာရပ်နေတာပေါ့...အဲ့လောက်လဲစိတ်ပူမနေနဲ့"

Black Killer(complete)Where stories live. Discover now