Black Killer-11

4K 422 0
                                    

Zawgyi

Yeol-" ဟူး...ငါပြောပြမယ် မင်းသေနတ်ကိုအရင်ဖယ်လိုက်ပါ"

Joon-" ငါမင်းကိုဘယ်လိုယုံရမှာလဲ?"

Yeol-" မင်း Lay hyung ဆီကသေနတ်ဖယ်လိုက်ရင်တောင် Baek ကိုယ်ပေါ်မှာ ဗုံးကျန်နေသေးတယ်လေ ငါတို့ဘာမှမလုပ်ဘူး အဲ့တာကြောင့်သေနတ်ချလိုက်ပါ"

Chanyeol ပြောတာလည်းမှန်နေသည်မို့ Joon Lay ကိုချိန်ထားတဲ့သေနတ်ကိုချလိုက်သည်...

Joon-" ဒါနဲ့မင်းတကယ်ပြောပြမှာလား? စုံထောက်တစ်ယောက်ရှေ့မှာလေ ထားပါ မဟုတ်ရင်တောင် ငါအသံဖမ်းထားရလိမ့်မယ်"

Joon ကယုတ်မာသူပီပီ Lay ကိုခေါ်လာတာ Chanyeol တို့သုံးယောက်လန့်အောင်လေ ဒါပေမဲ့ ပိုပြီးယုတ်မာတာက အနက်ရောင်လူသတ်သမားဘယ်သူလဲသိရတာနဲ့ Lay ကိုသတ်ပစ်မှာ...ဘာလို့လဲဆိုတော့ သူအခုသေနတ်ကိုင်ထားတာ Lay မြင်သွားပြီလေ...Lay ကိုသာပြန်လွှတ်လိုက်ရင် သူထောင်ကျမှာပေါ့...

အဲ့တာကြောင့် Chanyeol တို့လူသတ်သမားဘယ်သူဆိုတာဝန်ခံတာကို အသံဖမ်းထားပြီး ရဲစခန်းကိုပို့မှာ ပြီးတာနဲ့ Lay တို့ကိုသတ်ပြီး Baekhyun ကိုသူနဲ့ခေါ်သွားမှာ...Hak မင်းတို့က Kim Joon ကိုလျှော့တွက်တာကို...

Yeol-" မင်းသဘောဘဲလေ လုပ်ချင်တာသာလုပ်"

Chanyeol ပြောလိုက်တော့ Joon သူ့ဆီမှာအသင့်ပါလာတဲ့အသံဖမ်းစက်ကိုငုံ့ပြီးယူနေတုန်း Chanyeol, Kai ကိုခေါင်းအသာညိမ့်ပြလိုက်တယ်...

Chanyeol ခေါင်းညိမ့်ပြလိုက်တာနဲ့ တစ်ပြိုင်နက် Kai လျင်မြန်တဲ့အရှိန်နဲ့ပြေးကာ Joon ကိုကန်လိုက်တာမို့ Joon လဲကျသွားကာ သူ့လက်ထဲမှာကိုင်ထားတဲ့ ခလုတ်နှိပ်ကိရိယာလေးလဲအဝေးကိုလွင့်သွားတယ်....

Joon လိုလူလောက်ကို Kai တစ်ယောက်ထဲအေးဆေးနိုင်မှန်းသိတာမို့ Chanyeol, Baekhyun လက်ကိုဆွဲကာအပြင်ကိုထွက်ရန်အပြင် သူတို့ရှေ့ပိတ်ရပ်လိုက်တဲ့ Lay...

"Lay hyung?"

"ခဏနေဦး ဗုံးအရင်ဖြုတ်ရမယ် Baekhyun အတွက်အန္တရာယ်များတယ်"

Joon သာခလုတ်ပြန်ရပြီးနှိပ်လိုက်တာနဲ့ Baekhyun ကိုယ်ပေါ်ကဗုံးပေါက်ကွဲသွားမှာလေ...Lay hyung စကားလည်းမှန်နေတာမို့ နှစ်ယောက်လုံးလက်ခံလိုက်တယ်...

Black Killer(complete)Where stories live. Discover now