Black Killer-24

4.1K 411 5
                                    

Zawgyi

Baek နဲ့ Kai, Lay ခေါ်ရာနောက်ကိုလိုက်သွားတော့ တွေ့လိုက်ရတာက စစ်ဆေးရေးခန်းထဲခေါင်းငိုက်စိုက်ချကာထိုင်နေတဲ့ yeol...

"Yeol..."

Chanyeol ခေါင်းကိုအောက်ငုံ့ကာထိုင်နေရင်း Baek အသံကြားတာမို့မော့ကြည့်မိတော့ သူ့ကိုမျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတဲ့ Baek နဲ့ Kai

Yeol-"Baek...Kai"

Baek-"yeol ah.."

Kai-"yeol..."

Baek နဲ့ Kai သူ့ကိုပြေးဖက်လိုက်တာမို့ Chanyeol ပြုံးပြီးပြန်ဖက်လိုက်သည်။ သူ့ပုခုံးထက်စိုစွတ်လာသည်မို့သူသိလိုက်ပါသည် Baek နဲ့ Kai ငိုနေပြီလို့...

သူတို့သုံးယောက်လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင် Lay အသာရှောင်ကာထွက်လာခဲ့လိုက်သည်။ သူတို့သုံးယောက်ရဲ့အချစ်ကိုနားလည်ပါတယ် Chanyeol နေရာမှာသူဆိုလည်း ထိုလူတွေကိုသတ်ပစ်မိမှာအမှန်ပင်...ဒါပေမဲ့လည်း တရားဥပဒေဆိုတာကရှိသေးတယ်လေ...သူ့ဘက်ကဘယ်လောက်မှန်မှန် လူသတ်ခဲ့တယ်ဆိုတာက ရှောင်လွှဲမရတဲ့ပြစ်မှုတစ်ခုမဟုတ်ပါလား...

Baek-"yeol ah wae? ဘာလို့ဝန်ခံလိုက်တာလဲ? မင်းပြောတော့ငါတို့နဲ့အတူရှိမယ်ဆို T~T"

Yeol-"အပြစ်လုပ်ထားရင် အဲ့အပြစ်အတွက်ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုတော့ခံယူရမှာပေါ့ Baek ရဲ့...အမှန်တရားဆိုတာဘယ်တော့မှဖုန်းကွယ်လို့မရဘူးလေ Miyanae T~T"

Kai-"ဒါပေမဲ့ yeol ah မင်းအခုလိုလုပ်လိုက်တာ ငါတို့ဆီကိုမင်းတစ်သက်လုံးပြန်မလာနိုင်တော့ဘူးဆိုတာမသိဘူးလား? မင်းသတ်ခဲ့တာ လူ 9ယောက်တောင်နော်...မင်းအသက်ရှင်မယ်ထင်နေတာလား? ပြောတော့သေရင်တောင်အတူသေမယ်ဆို ငါတို့ထားခဲ့တဲ့ကတိကိုမင်းမေ့သွားတာလား? T~T"

Yeol-"Arni ငါမမေ့ပါဘူး Kai ဒါပေမဲ့ ငါအဲ့ကတိကိုမတည်နိုင်ဘူး...မင်းတို့ကအသက်ရှင်ကျန်ရစ်ပြီး ဘဝကိုအကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားပါ...ဒီနေ့ဘဲမင်းတို့ U.S ကိုပြန်တော့...ငါ Yifan hyung ကိုဖုန်းဆက်ထားပြီးပြီ သူမင်းတို့ကိုအားလုံးကူညီပေးလိမ့်မယ်...ငါမရှိလည်း အဆင်ပြေအောင်ကြိုးစားပါနော် ကလေးတွေ T~T"

Black Killer(complete)Where stories live. Discover now