Black Killer-25(Final)

8.8K 699 41
                                    

Zawgyi

စီရင်ချက်ချချိန်ရောက်ရှိလာတော့မည်။ တရားသူကြီးအပါအဝင်လူတွေအားလုံးကိုယ့်နေရာကိုယ်ထိုင်ကာ နေရာအသီးသီးယူပြီးကြပြီးဖြစ်သည်။ ထိုထိုင်နေသောသူများထဲတွင် Baekhyun လည်းပါသည်။

Baekhyun ကရှေ့ဆုံးမှထိုင်ကာ ပတ်ဝန်းကျင်အခြေအနေကိုသေချာကြည့်နေသည်။

Chanyeol ကိုရဲနှစ်ယောက်လက်ထိပ်ခတ်ပြီးခေါ်လာကာ သူ့နေရာမှာနေစေသည်။

Chanyeol, Baekhyun ကိုမြင်တော့ လှမ်းပြုံးပြမိသည်။

ဒါပေမဲ့သူ့စိတ်ထဲတစ်မျိုးဖြစ်နေသလိုဘဲ...Baek ကသူ့ကိုမကြည့်ဘဲပတ်ဝန်းကျင်ကိုသာကြည့်နေတယ်..ပြီးတော့ Kai..Kai ဘယ်ရောက်နေတာလဲ? ပြောတော့နှစ်ယောက်လုံးလာမယ်ဆို..

Chanyeol စိတ်ထဲသိပ်ဘဝင်မကျလှပါ....တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ခံစားနေရတယ်...မဟုတ်မှ...Baek နဲ့ Kai တစ်ခုခုလုပ်ဖို့ကြံစည်နေတာတော့မဟုတ်ပါဘူးနော်

Chanyeol အတွေးနှင့်အတူစိတ်ထဲစိုးရိမ်သွားကာ ထိုင်နေတဲ့ Baekhyun ရဲ့ခန္ဓာကိုယ်အနှံကိုမျက်လုံးနဲ့သာသေချာကြည့်နေမိသည်။

နောက်တော့မျက်စိလျင်လွန်းတဲ့ Chanyeol တွေ့လိုက်ရပါပြီ Baekhyun အင်္ကျီအိတ်ထဲမှာအနည်းငယ်မျှအစွန်းလေးထွက်နေတဲ့သေနတ်တစ်လက်..

ထိုသေနတ်ကိုမြင်တော့ Chanyeol စိတ်ထဲကြားယောင်လာတဲ့အတိတ်ကစကားသံအချို့...

Flashback start>>>>

Yeol-"တကယ်လို့လေ ငါ့ကိုသာရဲတွေမိသွားခဲ့ရင် မင်းတို့နဲ့နေနိုင်တော့မှာမဟုတ်ဘူး အဲ့ခါကျရင်လည်းဘဝကိုအကောင်းဆုံးဖြစ်အောင်ရှင်သန်ရမယ်နော် ကလေးတွေ"

Baek-"wae? မင်းကဘာလို့အဖမ်းခံရမှာလဲ လုံးဝအဖမ်းမခံရအောင်ငါတို့ကာကွယ်ပေးမှာပေါ့"

Baek စကားကြောင့် Chanyeol ခပ်ဟဟရယ်မိသည်။

Yeol-"အမှန်တရားဆိုတာ ဖုံးကွယ်လို့မရဘူးလေ...တစ်နေ့နေ့တော့ အမှန်တရားဆိုတာပေါ်လာမှာဘဲ အဲ့ခါကျငါ့အပြစ်အတွက်ပေးဆပ်ရမှာပေါ့"

Kai-"တကယ်လို့မင်းပြောတဲ့အမှန်တရားပေါ်လာခဲ့ပြီးမင်းအဖမ်းခံရခဲ့ရင်တောင် ငါတို့ကရအောင်ကယ်မှာပေါ့"

Black Killer(complete)Where stories live. Discover now