Black Killer-21

3.8K 387 3
                                    

Zawgyi

Chanyeol တို့ဂေဟာရှေ့ရောက်တော့ မှောင်ပင်မှောင်နေလေပြီ

Yeol-"Baek နဲ့ Kai မင်းတို့ဒီမှာခဏနေခဲ့နော် ငါသွားလိုက်မယ်"

Baek-"ငါတို့လည်းလိုက်မယ်လေ"

Yeol-"Arni နေခဲ့ပါ ခဏဘဲ ငါချက်ချင်းပြန်လာခဲ့မယ်"

Kai-"အဲ့တာဆိုလည်းငါတို့်စောင့်နေမယ် မြန်မြန်ပြန်လာခဲ့နော်"

Yeol, Kai တို့ကိုခေါင်းညိမ့်ပြကာ ဂေဟာမှူးရှိရာအခန်းထဲဝင်လာခဲ့လိုက်သည်။

"ဂေဟာမှူး"

"Wow! Park Chanyeol မင်းဒီနေရာအထိလာရဲသေးတယ်နော် ရဲတွေမင်းတို့ကိုလိုက်နေပြီဆိုတာသိရဲ့လား?"

"Nae? ရဲတွေလိုက်နေပြီလား?"

"ဟုတ်တယ် ငါ့ကိုတောင်ခေါ်မေးသေးတယ် ငါမင်းလို့တော့မပြောသေးပါဘူး လူသတ်သမားကအနက်ရောင်အမြဲဝတ်လေ့ရှိတယ်လို့ဘဲပြောထားတာ"

"ဗျာ?! ကျေးဇူး..ကျေးဇူးတင်ပါတယ် ဂေဟာမှူး...ဖြစ်နိုင်ရင်လေ ရဲတွေကိုမပြောပါနဲ့ဦးနော် အားလုံးအဆင်ပြေတဲ့တစ်နေ့ကျွန်တော်ဝန်ခံမှာပါ...ကျေးဇူးပြုပြီးမပြောပါနဲ့"

"အင်း....အဲ့တာကငါ့အတွက်ဘာမှမဖြစ်ပါဘူး...ဒါပေမဲ့ အရာရာတိုင်းမှာ Give and Take ဆိုတာရှိတယ်လေ အယူရှိရင်အပေးဆိုတာတော့ရှိရမှာပေါ့...ရဲတွေကိုမပြောစေချင်ရင် မင်းငါ့တောင်းဆိုချက်တစ်ခုကိုတော့လက်ခံရလိမ့်မယ်"

"Nae...ကျွန်တော်လက်ခံနိုင်ရင်လက်ခံပေးပါ့မယ် ဂေစာမှူးဘာလိုချင်တာလဲ?"

"Park Baekhyun ကို"

"Nae???!! "

"ဟုတ်တယ်...ငါ Park Baekhyun ကိုလိုချင်တယ် သူမင်းနဲ့အတူရှိတယ်မလား?"

"Baek ကိုဘာလို့လိုချင်ရတာလဲ ဂေဟာမှူး"

"Hak ရှင်းရှင်းလေးပါ ပိုက်ဆံအတွက်ပေါ့...Baekhyun ကိုလိုချင်နေတဲ့သူဋ္ဌေးတွေအများကြီးရှိတယ်...သူကချစ်စရာလေးဆိုတော့လိုချင်တာမဆန်းပါဘူး...သူ့ကိုသာရရင်ငါချမ်းသာပြီလေ ဟား...ဟား...ဟား.."

"Bor!! ခင်ဗျားကြီးယုတ်မာလှချည်လား? Baek ကိုရဖို့တသက်လုံးစိတ်မကူးနဲ့! ကျွန်တော်သေမှသူ့ကိုရလိမ့်မယ်"

Black Killer(complete)Where stories live. Discover now