Black Killer-10

4K 441 2
                                    

Zawgyi

Chanyeol ကားကိုအမြန်မောင်းလာမိတယ်... သူ Baek ကိုအရမ်းစိတ်ပူနေပြီလေ

တောက်! Joon မင်းဘာကိစ္စ Baek ကိုဖမ်းသွားရတာလဲ?

Chanyeol Joon ပြောတဲ့နေရာကိုရောက်တော့ ကားထိုးရပ်လိုက်တယ်... ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်မိတော့ တောအုပ်လိုနေရာမှာ ဂိုထောင်ပျက်ကြီးတစ်လုံးကလွဲပီးဘာမှမရှိပေ...

Chanyeol ထိုဂိုထောင်ပျက်ကြီးထဲဝင်လာတော့ ပထမဆုံးခံစားမိတာက ပစ်ထားတာကြာလို့ ဖုန်တွေထူပြီး  အောင့်သက်သက်အနံ့ကြီးကိုခံစားမိတယ်...ဂိုထောင်တစ်ခုလုံး ပြတင်းပေါက်သေးသေးလေးကလာတဲ့ နေရောင်အနည်းငယ်ကလွဲပီး အရာအားလုံးက မှောင်မဲတိတ်ဆိတ်နေတယ်....

Chanyeol သတိထားကာ အထဲကိုဆက်ဝင်လာခဲ့တယ်... အထဲတော်တော်ရောက်နေပေမဲ့ လူနဲ့တူတာဘာမှမတွေ့သည့်အပြင် အသံတွေပါတိတ်ဆိတ်နေတာမို့ Baek ကိုစိတ်ပူကာလူက ရူးမတတ်...

"Baek!! Baek-ah...ကလေးရေ ကိုယ်လာကယ်တယ်လေ... Baek ဘယ်မှာလဲ?"

Joon ထွက်သွားခါနီး Baekhyun ကိုကြိုးတုပ်ထားသည့်အပြင် ပါးစပ်ကိုပါကြိုးနဲ့ချည်ထားတာကြောင့် Baekhyun အတင်းရုန်းကန်အော်ဟစ်နေခဲ့ပေမဲ့အချည်းနှီးသာ...

ရုန်းကန်ရတာကြာတော့ မောပန်းလာတာမို့ Baekhyun အသာငြိမ်မိနေတုန်း ကြားလိုက်ရတဲ့အသံ

ဟင်?ဘယ်သူလဲ?Yeol လား?ဒါမှမဟုတ် ဘယ်သူလဲ?

Baekhyun အသံမထွက်ဘဲ ခဏငြိမ်နေမိတယ်... ဘယ်သူမှန်းမသိသေးတဲ့အချိန်မှာ ငြိမ်နေတာအကောင်းဆုံးဖြစ်မယ်ထင်တာပဲ... ခြေသံကတဖြည်းဖြည်းနဲ့နီးလာပြီ... သူ့ဆီရောက်တော့မယ် ဘယ်သူလဲ?

Baekhyun သူ့နားရောက်လာတော့မဲ့သူကို သတိထားကြည့်နေရင်း ကြားလိုက်ရတဲ့အသံ... ဟင်!yeol? Yeol ရောက်လာပြီပေါ့..

Chanyeol အသံကြားမှ Baekhyun ပါးစပ်ကိုကြိုးနဲ့ချည်ထားတဲ့ကြားက အတင်းရုန်းကတ
န်အော်နေကာ ရုန်းနေမိတယ်

Chanyeol,Baekhyun နာမည်ကိုအော်ခေါ်နေတုန်း သူရပ်နေတဲ့နေရာနဲ့မလှမ်းမကမ်းလောက်က အသံတွေကြားနေရသည်မို့ သွားပြေးကြည့်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကရင်နင့်ဖွယ်...

Black Killer(complete)Donde viven las historias. Descúbrelo ahora