one

33.7K 1.1K 33
                                    



Zawgyi



''hyung အိတ်တွေဘယ်မှာထားရမလဲ''

''ပင်ပန်းနေပြီးမှတ်လား ထားခဲ့တော့လေ hyung ဆက်သိမ်းလိုက်မယ် ရေချိုးပြီးလာခဲ့လေ hyung ညစာပြင်ထားလိုက်မယ်''

'' nae    hyung''

ကျွန်တော့ နာမည်က nam joon မိဘတွေမရှိတော့ဘူး
ကျွန်တော့မှာညီလေးတစ်ယောက်ရှိတယ်သူ့ နာမည်က jung kook

kookie လေးငယ်ငယ်ထဲက appaနဲ့ omma ကဆုံးသွားတာ ကျွန်တော်နဲ့ kookie ကခြောက်နှစ်ကွာတယ်

appa တို့ဆုံးတော့ ကျွန်တော်က တက္ကသိုလ်နောက်ဆုံးနှစ် kookie ကအလယ်တန်းဘဲရှိသေးတာ

ဘူဆန် က appa ရဲ့အသိ ဦးလေးတစ်ယောက်အိမ်မှာ နေတယ်ပေါ့ဗျာ
သိတဲ့အတိုင်းသူများအိမ်မှာနေရတော့အနှိမ်ခံရတာပေါ့ကျွန်တော်ကကိစ္စ မရှိပေမဲ့
kookie အဲ့ကလေးကတော့ စိတ်ထိခိုက်လွယ်တယ်ဗျ တစ်ခုခုဆိုငိုတော့တာဘဲ အခုကျွန်တော်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုတော့ ကျွန်တော့ညီလေး kookie ကိုပါခေါ်ပြီး မွေးရပ်မြေဘူဆန် ကနေဆိုလ်းကိုအပြီးပြောင်းခဲ့တာလေ

ကျွန်တော့အလုပ်ကလည်း ဆိုလ်းမှာဆိုတော့ ပိုအဆင်ပြေတာပေါ့ ဒီနှစ်ဒီကလေး တက္ကသိုလ် စတက်ရမှာလေ သွေသားရင်းချာဆိုလို့ ဒီညီအကိုနှစ်ယောက်ဘဲရှိတော့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်ပိုရတာပေါ့

ကျွန်တော့ညီလေး kookie ကချစ်ဖို့ကောင်းပြီးလိမ္မာတယ်ဗျ တစ်ခါတစ်ခါစိတ်ကောက်တက်တာကလွဲရင်ပေါ့

''hyung''

''ပြီးပြီလား hyung ရေညှိဟင်းချို လုပ်ထားပေတယ်လာစားလိုက်''

''nae အဲ့ဒါတွေကြောင့် hyung ကိုချစ်နေရတာ''

''မနက်ဖြန်ကျောင်တက်ဖို့ပြင်ဆင်ပြီးသွားပြီလား''

''ပြီးပြီ hyung သူငယ်ချင်းတွေအများကြီရအောင်လုပ်ခဲ့မယ်''

''စားပြီးရင်စောစောအိပ်တော့ ''

'' nae   hyung လည်းစောစောအိပ် ညနက်ထိအလုပ်တွေလုပ်မနေနဲ့''

ချစ်တာထက်ပို (Completed)Where stories live. Discover now