fourteen

7.1K 559 29
                                    

Zawgyi

tae hyung နိုးလာတော့ ဘေးမှာ jung kook ကိုမတွေ့ရပေ။

ဘေးက နေရာကိုကြည့်ခြင်းအားဖြင့် သူ့ဘေးမှာ jung kook လုံးဝမအိပ်ခဲ့ကြောင်း လက်ဆတ်နုသစ်နေသည့် အိပ်ယာခင်း အဖြစ်က ဖော်ပြနေသည်။

"အား...ကျွတ် ကျွတ်.... ''

ခေါင်းထဲ အုံခဲနေတာကို ကျုံးထလိုက်ရင်း မြင်ကွင်းထဲမှာ အဝတ်ဘီရိုဘေးက တစ်ယောက်အိပ် အိပ်ယာလေးကို တွေ့လိုက်ရသည်။

ညက jung kook အဲ့မှာပဲ အိပ်တာဖြစ်မည်။

"jung kook...jung kook ဟေ့ ဘယ်ရောက်သွားတာလဲကွ....''

tae hyung အသံကြီး ဟိန်းထွက်လာတာကြောင့် jung kook အူယားဖားယား ပြေးလာသည်။

ရေချိုးပြီကာစပုံစံလေးနှင့် hoodie ပန်းရောင်ပွပွကြီးတစ်ထည်ကို ဘောင်းဘီ အညို တစ်ထည်နှင့်တွဲဝတ်ထားသည်။

ခေါင်းလျှော်ပြီးကာစ shampoo နံ့ သင်းသင်းက သူ့နှာခေါင်းဝကို ရောက်လာသည်။

ခေါင်းကြည်သွားသလိုလည်း ခံစားလိုက်ရသည်။

"မင်း ဘယ်အချိန် ထသွားတာလဲ.....''

"ကျွန်တော် နိုးနေတာကြာပြီး....hyung ဘာခိုင်းမလို့လဲဟင်....''

"အဲ့ဒါ ခိုင်းစရာမလိုဘူးလေ...ငါ့အတွက် မျက်နှာ သစ်ဖို့ အင်္ကျီ ထုတ်ဖို့က မင်းလုပ်ပေးရမှာ နားမလည်ဘူးလား.....''

jung kook က ကြောင်တောင်တောင် လေးကြည့်ရင်း မျက်နှာလေး ညှိုး ကျသွားသည်။

ရုတ်တရက် မြန်မြန်ဆန်ဆန်ကြီး လက်ထပ်လိုက်ရတဲ့အတွက် သူ့မှာပြင်ဆင်မှုဆိုတာဘားမှ မရှိပေ။

hyung ကို ချစ်ပေမယ့်လည်း နောက်ပိုင်း hyung ရဲ့အပြု အမူတွေကြောင့် hyung ကသူ့ကို လက်ထပ်ခဲ့တာဟာ ချစ်လို့မဟုတ်ဘဲ နှိပ်စက်ဖို့ သက်သက်လားဟု သံသယဝင်လာမိသည်။

"ဟုတ် အဲ့ဒါဆိုရင် hyung မအိပ်တော့ဘူး ဆိုရင်လည်း ကျွန်တော် အင်္ကျီ ပြင်ထားလိုက်မယ်...hyung စိတ်လန်းသွားအောင် ရေချိုးလိုက်လေ....''

သူရေချိုးပြီး ထွက်လာတော့ အခန်းထဲမှာ jung kook ကိုမတွေ့ရပြန်.....

ချစ်တာထက်ပို (Completed)Where stories live. Discover now