fifteen

7.1K 562 16
                                    



Zawgyi



နားထဲမှာ ငိုရိုက်သံလိုလို ကြားရပေမယ့် ကိုယ့်နားမှာလို့မထင်။

အိမ်မက်နေသလိုလို ကိုယ်နဲ့မဆိုင်ဘူးလို ဖြစ်နေသည်။

မနေ့ညက club ကို jb နဲ့ သွားပြီး သူသောက်တာ အတော်ကို လွန်သွားမိသည်။

မျက်နှာရဲ့ အပေါ် ကိုကြည့်လိုက်တော့ တွေ့မြင်နေကျ မျက်နှာကျက်ကြောင့် အိပ်ပြန်ရောက်နေပြီ မှန်းတော့ သိလိုက်သည်။

ညက club မှာ သူမှောက်နေလို့ jb ပဲ ပြန်ပို့ပေးတာ ဖြစ်မည်။

ဘေးဘီကို ကြည့်လိုက်ကာမှ jung kook ကသူ့ခြေရင်းမှာ ကျုံ့ကျုံ့ကလေးထိုင်ကာ ငိုနေတာ ပုခုံးလေးတွေလှုပ်ကာ ခေါင်းလေးပါမော့မော့သွားတာရော.....

"ဘာတွေဖြစ်နေတာလဲ.... အား....''

မေးနေရင်း ကျုံးထလိုက်တော့ ခေါင်းထဲမှာ တဆစ်ဆစ် ကိုက်ခဲနေသည်။

jung kook က မျက်နှာ ပေါ် မှ မျက်ရည်မျာကို သုတ်ရင်း ဘယ်ရောညာရော မအားသည့် လက်နှစ်ဖက်ကို ဆွဲဖယ်ကာ သူထထိုင်တာကို ကြည့်သည်။

ပြီးတော့မှ ခနရပ်တန့်သွားသည့် ငိုရှိုက်သံကို ပြန်ဆက်ပြီး.....

"hyung နောက်တစ်ခါ အရက်တွေသောက်လာ အုံးမယ်ဆိုရင် အိမ်ကထွက်တာနဲ့ ပြန်လာရင် ငါသောက်လာမှာလို့ တစ်ခါတည်း ပြောသွား....''

"ဘာ...''

tae hyung တစ်ယောက် မကြည်လင်သည့်ခေါင်းကို ခါပစ်လိုက်ရင်း jung kook ကို နားမလည်စွာကြည့်မိသည်။

jung kook က အဖြူရောင် hoodie အပွ တစ်ထည်ကို ဘောင်းဘီ အညို အပွတစ်ထည်နှင့် တွဲဝတ်ထားကာ ဆံပင်တွေလည်း ရှုပ်ပွလို့နေသည်။

ဘယ်လောက်တောင် ငိုထား၍ လည်းမသိ နှာ ခေါင်းထိပ်လေးတွေလည်းနီရဲပြီး မျက်လုံးလေးတွေကလည်း နီရဲမို့အစ်နေသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...သူကိုယ် အပေါ်ပိုင်းမှာလည်း ဗလာကျင်းဖြစ်နေလျှက် ထ ထိုင်လိုက်တော့ ခြုံ ထားတဲ့စောင်က ခြေရင်းမှာ ပုံသွားသည်။

"ဘာတွေဖြစ်လို့လဲ...မသိရင်လူသေကောင်ဘေးမှာ ထိုင်ငိုနေတဲ့ အတိုင်းဘဲ.....''

ချစ်တာထက်ပို (Completed)Where stories live. Discover now