sixteen

7.3K 546 21
                                    




Zawgyi



tae hyung စိတ်တိုတိုနှင့် ရေချိုးခန်းဆီသို့ထွက်လာခဲ့ လိုက်သည်။

တံခါးကို ဆွဲဖွင့်လိုက်မိလျှင်....

"ဟင် hyung....''

jung kook က မျက်နှာသစ်နေရာမှ လှမ်းကြည့်သည်။

သူအထဲသို့ဝင်ရန် ခြေတစ်လှမ်းတိုးပြီးကာမှ.....

"ပြီးရင်လည် မြန်မြန်ထွက်....''

"hyung ပြန်မအိပ်တော့ဘူးလား....အဲ့ဒါ ဆိုရင် ရေချိုးပြီးရင် အဆင်သင့် စားဖို့ မနက်စာ ကျွန်တော် ပြင်ထားလိုက်မယ်နော်.....''

"ထွက်ပါဆိုကွာ မင်းတော်တော်ရှည်တာပဲ.....''

သူပြောလိုက်တာကြောင့် ထွက်သွားရန်ပြင်နေတဲ့ jung kook လက်ကို သူ ဖမ်းဆွဲလိုက်သည်။

"နေအုံး.....''

"ဘာခိုင်းမလို့လဲ hyung.... ''

"ကန်ထဲကို ရေဖြည့်ပြီး ဆပ်ပြာစိမ်လိုက် ပြီးရင် ငါ့ကို ဂျီးတွန်းပေး....''

"ဟင်....''

"ဘာလုပ်နေတာလဲ......''

"hyung ကလဲ ရေချိုးတာ ကိုယ်ဘာသာချိုးပါလား.....''

"စကားမများနဲ့...ကန်ထဲကို ဆပ်ပြာထည့်လိုက်....''

jung kook က မလုပ်မယှက်လေး ရပ်နေပြီး သစ်ချထားတဲ့ မျက်နှာ ကို အခုထိ မသုတ်ရသေးသောကြောင့် မျက်နှာလေးပေါ်တွင် ရေးစက်လေးများက ဟို တစ်စက် ဒီတစ်စက် တွဲခိုနေသည်။

"ဟာ ဘာလုပ်နေတာလဲ မင်း ငါအော်တော့ အော်တယ် ပြောတယ်....''

သူသွားတိုက်နေရင်း လှမ်းအော်မှ jung kook က ဆူပုတ်ပုတ် မျက်နှာ လေးနှင့် ရေဖြည့်ပြီးသား ကန်ထဲကို ဆပ်ပြာရည်ထည့်သည်။

hyung ဘာကို အလိုမကျနေမှန်းကို သူမသိ။

hyung စိတ်ချမ်းသာပါစေဆိုပြီး လွှတ်ထားပေးလိုက်သည်။

jung kook အားလုံး ပြီးစီးလို့ သူ့ဘက်ကို ပြန်အလှည့်....

"ဟင်....''

jung kook မျက်လုံးပြူးသွားသည်။

tae hyung က ဘောင်းဘီ ခါးပတ်ကို ငုံ့ဖြုတ်နေသည်။

ချစ်တာထက်ပို (Completed)Where stories live. Discover now