nine

8.1K 686 13
                                    




Zawgyi


namjoon သြဇီ သွားတဲ့နှစ်လအတွင်း kook ကတစ်ယောက်ထဲဖြစ်နေခဲ့သည်။ jimin နဲ့သူ့သူငယ်ချင်းတွေက kook ကိုလိုလေသေးမရှိ စောင့်ရှောက်ကြသည်။ ည ဘက်လည်းအိမ်လာအိပ်ပေးကြသည်။ kook က တစ်ယောက်ထဲနေရန်အဆင်ပြေတယ်ပြောသော်လည်းလက်မခံကြပါ။ yoongi က အသက်မပြည့်သေးတဲ့ကလေး တစ်ယောက် အိမ်မှာတစ်ယောက်ထဲနေတာအရမ်းအန္တရာယ်များကြောင်းပြောပြီး kook ကို အားလုံးကညီအရင်းသဖွယ်စောင့်ရှောက်ကြသည်။ ဒီနေ့တော့ ကျောင်းဆင်းရင်သူတစ်ယောက်ထဲပြန်ရမည်ဖြစ်သည်။ jimin hyung နဲ့ yoongi hyung တို့က senior အတန်း မှ jiyoung hyung နှင့် ချိန်းထားသောကြောင့်သူနှင့်ပြန်မလိုက်နိုင်။ သူပစ္စည်းများသိမ်ပြီးထွက်လာတော့အခန်းရှေ့မှာစောင့်နေတဲ့ mark hyung ကိုတွေ့လိုက်ရသည်။

''kookie သွားကြမယ်လေ''

''hyung လည်း young jae hyung နဲ့ချိန်းထားတယ်ဆို''

''အင်းဟုတ်တယ် တစ်ယောက်ထဲပြန်လို့အဆင်ပြေပါ့မလား''

''ရပါတယ် hyung ရဲ့''

''လာ အဲ့ကျောင်းရှေ့ထိ အတူတူသွားရအောင်''

mark ကို နှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့တယ်။ တစ်ယောက်ထဲလျှောက်လာရင်း အနောက်မှတစ်ယောက်ယောက်လိုက်လာသလိုခံစားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့လည်းဘယ်သူမှရှိမနေ။ခြေလှမ်းများကိုပုံမှန်ထက်ခပ်သွက်သွက်လှမ်းလိုက်တယ်။ အနောက်ကခြေသံတွေကပိုနီးကပ်လာတာကြောင့် ထပ်မံလှည့်ကြည့်လိုက်တော့တွေ့လိုက်ရတာက မျက် နှာကို mask အုပ်ထားတဲ့ လူစိမ်းနှစ်ယောက် ။ကြောက်လန့်တကြားနှင့်အနောက်ကိုဆုတ်ပြီးမေးမိတယ်။

''ဘယ်သူတွေလဲ'' ဟိုလူနှစ်ယောက်ကတော့ဘားမှမပြောဘဲ kook အနားကိုတဖြည်းဖြည်းနဲ့ကပ်လာကြသည်။

''ခင်...ခင်ဗျားတို့ ဘယ်.,.ဘယ်သူတွေလဲ''

ထိုအချိန် သူတို့ဘေးကိုအနက်ရောင်ကားတစ်စီးထိုးရပ်လိုက်သည် ဆိုသည့် အသိနှင့် ခေါင်းပေါ်သို့ကျရောက်လာတဲ့ရိုက်ချက်တစ်ခု။သူ့အသိစိတ် အားလုံးအမှောင်ဖုံးသွားခဲ့သည်။

''ဒီကောင်လေးကိုဖမ်းရတာတော်တော်လွယ်တာဘဲ''

''မင်းကဘာလို့ရိုက်လိုက်တာလဲတစ်ခုခုဖြစ်သွားမှဖြင့်''

ချစ်တာထက်ပို (Completed)Where stories live. Discover now