Intro

4.2K 157 11
                                    


" Lay ဒီဘက် "
သီချင်းသံကြားမှထွက်ပေါ်လာသောအသံကြောင့် club ထဲခုမှရောက်လာတဲ့ကျနော်ကလှည့်ကြည့်ရတယ် ကြည့်လိုက်တော့ကျနော်ရဲ့သူငယ်ချင်းတွေဖြစ်နေတော့ သူတို့စီလျှောက်သွားလိုက်တယ်

Lay : Kris ကော
ဒီclub ပိုင်ရှင် အချောဆုံးသူငယ်ချင်း Kris ကိုမတွေ့တော့ သူငယ်ချင်းတွေကိုမေးလိုက်တယ်

Tao : မသိဘူး ငါတို့လာတာသူ့ကိုမတွေ့သေးဘူး

ကျနော်ခေါင်းငြိမ့်လိုက်တယ် ကျနော်တို့အဖွဲ့အရက်သောက်နေကြတာခဏကြာတော့

Lay : ပျင်းတယ် အောက်ထပ်သွားရအောင်

Se : သွားမယ်လေ ငါလဲပျင်းနေတာနဲ့အတော်ပဲ

ကျနော်တို့အဖွဲ့အောက်ထပ်ကိုဆင်းသွားလိုက်တယ်
အောက်ဆုံးထပ်က မြေအောက်အထပ်ကိုပြောတာနော် လောင်းကစားမျိုးစုံရှိတယ် ဥပဒေနဲ့မလွတ်ကင်းတာတွေပေါ့

Su : ဝါး!! ဒါတောင် club ခုမှဖွင့်တာနော် ဒီလောက်တောင်စီနေပြီလား

Lay : နေ့တိုင်လဲဒီလိုပဲလေ

Tao : ဆိုင်ပိတ်နေလဲ ဒီထပ်ကမပိတ်ဘူးလေ

Lay : လာသွားမယ်

ကျနော်တို့သူငယ်ချင်းတွေကိုယ်ကြိုက်ရာတွေသွားကစားနေကြတယ်
ကျနော်ကစားနေရင်းနဲ့ ကျနော့်ကိုတစ်ယောက်ယောက်ကကြည့်နေတယ်လို့ခံစားမိတော့ လှည့်ကြည့်လိုက်တော့ choco အရောင်အသားရေနဲ့ ကြည့်ရတာတော့ အာရှနိုင်ငံကလူတော့မဟုတ်လောက်ဘူး အနောက်နိုင်ငံကနေမှာ သူ့ဘေးကလဲသူလူတွေကျောက်ရုပ်လိုတန်းစီပြီးရပ်နေတယ် သူ့မျက်လုံးကတော့ကျနော့်ကိုစိုက်ကြည့်နေတယ်

Soo : နင်ဘာကြည့်နေတာလဲ
ကျနော်အဲ့လူကိုရပ်ကြည့်နေတာတွေ့တော့ kyungsoo ကကျနော်မေးလိုက်တယ်

Lay : အဲ့ကောင်ငါ့ကိုကြည့်နေတာ

Se : နင်သွားရှုပ်လာတာလဲ

Lay : ငါဘာမှမလုပ်ရသေးဘူး ငါသူ့ကိုတစ်ခါမှမတွေ့ဖူးသေးဘူး

ကျနော် sehun ဘက်လှည့်ပြောလိုက်ပြီး အဲ့ကောင်ဘက်ပြန်လှည့်ကြည့်လိုက်တယ်

Lay : ဒီကောင်ငါ့ကိုရန်ရှာနေတာ

Tao : ခဏလေး နင်ကြည့်လိုက်အုန်းသူ့လူတွေအဲ့လောက်များတာ mafia များလားမသိ ခဏနေအသက်ခံနေရအုန်းမယ်

Tao ဘယ်တုန်းကကျနော့်ဘေးရောက်လာမှန်း
မသိလိုက်ဘူး

Lay : ငါဘယ်တုန်းကကြောက်လို့လဲ

ကျနော်ပြောနေပေမယ့် မျက်လုံးကတော့ဟိုကောင်ကိုပဲစိုက်ကြည့်နေတယ်
ဘာ mafia လဲ ကျနော့်ထက် ၁ နှစ်လောက်ပဲကြီးတာနေမှာပေါ့ ကျနော်မကြောက်ပါဘူး

Tao : ဘယ်သွားမလို့လဲ

Lay : အိမ်သာသွားမလို့ လိုက်မလို့လား

Tao : တစ်ယောက်တည်းပဲသွားတော့

ကျနော်ကိစ္စပြီးတော့ လက်ဆေးပြီးထွက်လာဖို့လုပ်တော့

" ဘာလဲ "

Lay : .......
ကျနော်သူ့ကိုမဖြေဘူး သူ့အရပ်က kris ထက်နဲနဲပဲပုမယ်ထင်တယ် ဒီကောင်တွေဘာတွေစားလို့အဲ့လောကွအရပ်မြင့်ရတာလဲ

" ဟင်း ! နမျောစရာ ..... စကားမပြောတက်ဘူးပဲ "

ကျနော်မျက်လုံးပင်ပြူးတယ် ဒီကောင် Korea လိုပြောတက်တယ်

Lay : မင်းဘာလို့ငါ့ကိုကြည့်တာလဲ

" စကားပြောတက်သားပဲ "

Lay : နားမပါဘူးလား ငါမေးတာဘာလို့မဖြေတာလဲ

ကျနော်သူ့ကိုတွန်းပြီးပြောလိုက်တယ် ကျနော်အားနဲ့သူ့ကိုတွန်းလိုက်ပါတယ် ဒါပေမယ့်သူနဲနဲ ဆိုနဲနဲပဲယိုင်သွားတာ

" ငါလိုချင်လို့ "

...................................................
KaiLay ထိန်းချုပ်မရတဲ့အချစ်  နဲ့
KrisYeol    Hyung 
ဒီနှစ်ပုဒ်ကဆက်နေတာနော် အဖြစ်အပျက်တွေက တစ်ချိန်တည်းဖြစ်တာပါ




ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now