part 16

882 88 19
                                    

ထိန်းချုပ်မရတဲ့အချစ်

KaiLay ( Yaoi Fic)

Part 16

" ထွက်လာခဲ့ "

ဘုရားသခင်ကြီးကယ်တော်မူပါ Kai မင်းဘယ်ရောက်နေတာလည်း ငါ့ကိုမြန်မြန်လာကယ်တော့လေ ငါအရမ်းကြောက်နေပြီ

" Lay မင်းဘယ်မှာလဲ ငါပါ "

အသံက ခုဏကလိုမာထန်မနေပဲ ပျော့ပျောင်းသွားတယ်

ခုံအောက်ကနေဖြည်းဖြည်းချင်းထလာပြီး သူ့ကိုမော့ကြည့်နေလိုက်တယ်

" သူမင်းကိုဘာလုပ်သေးလဲ "

Kai လက်လှမ်းလာပြီးကျနော့်ကိုကိုင်မယ်လုပ်တော့ ကျနော်နောက်သို့နဲနဲဆုပ်သွားတယ် 

Kai : ငါ Kai လေမကြောက်နဲ့နော်

ခုကျနော်ဘာမှမကြောက်တော့ဘူး ဒါပေမယ့် အဲ့ကိစ္စမဖြစ်ခင်က အကြောင်းတေကျနော့် ဦးနှောက်ထဲပြန်ဝင်လာတော့တယ် သူတခြားတစ်ယောက်နဲ့ နမ်းနေတာလေ သူ့ကြောင့်ကျနော် အပြင်ကိုထွက်လာလို့ ဟိုကောင်ကြီးနဲ့တွေ့တာပေါ့

Lay : ဘာဖြစ်လို့ခုမှလာတာလဲ

Kai : ငါမင်းကိုရှာနေတာ ငါမင်းကိုပြောထားတယ်လေ တစ်ယောက်တည်းမသွားရဘူး ငါနဲ့ပဲနေရမယ်လို့

ပြောရဲလိုက်တာ

Lay : မင်းပဲငါ့ကိုထားခဲ့ပြီး သူများနဲ့သွားတာလေ အဲ့ဒါကြော်င့ ငါဟိုကောင်နဲ့လာတွေတာ

ကြောက်တာကို စိတ်ဆိုးတာကော ရောပြီး ပေါက်ကွဲလိုက်တယ်

သူကျနော့်လက်ကိုလှမ်းဆွဲပြီး ဖက်ထားလိုက်တယ် ခုကျနော် သူ့ရင်ခွင်ထဲရောက်နေတာလေ

Kai : နောက်ငါအဲ့လိုမဖြစ်စေရဘူး ငါကတိပေးတယ်

Lay : ငါယုံပြီး မင်းကိုမုန်းတဲ့သူတွေတော်တော် ပေါတယ်ဆိုတာ

ကျနော် ပြောရင်း သူ့ရင်အုတ်ကျယ်ကြီးကို ခေါင်းပြုလိုက်တယ်

Kai : မင်းကော ငါ့ကိုမုန်းလား

သူပြောရင်းကျနော့်ခေါင်းကို အသာလေးပွတ်နေတယ်

lay : မင်းဘယ်လိုထင်လဲ

Kai : စိတ်ဆိုးယုံတော်ပြီ မမုန်းနဲ့နော်

ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now