part 9

1.4K 131 19
                                    

ထိန်းချုပ်မရတဲ့အချစ်

Part 9

** Lay part **

ကျနော်ကားမောင်းနေရင်း

Ring !!!!!

ဖုန်းကိုလှမ်းကြည့်တော့ Tao ဆက်လာတာ ကားbluetooth ဖွင့်ပြီး

Lay : ဘာလဲ

Tao : မင်းဘာဖြစ်လို့ကောင်မလေးကိုပြန်လွတ်လိုက်တာလဲ

Lay : ငါစိတ်မပါလို့

Tao : မင်းလားစိတ်မပါတာ မင်းအကြိုက်ကိုငါရွေးပေးထားတာလေ

Lay : စိတ်မပါတဲ့သူရဲ့ခံစားချက်ကိုသိလား ဘယ်လောက်ပဲချောချော မလုပ်နိုင်ဘူး

Tao : မင်းမှာချစ်ရတဲ့သူရှိနေလို့နေမှာပေါ

Lay : မဟုတ်ဘူး!

Tao : စတာကိုပြန်အော်လိုက်တာ နားတောင်အူသွားတာပဲ

Lay : မင်းတော်တော် အားနေလား

ပြောပြီးဖုန်းချလိုက်တယ်

သူပြောသလို ကျနော်ချစ်ရမယ့်သူရှိနေလို့လား Kai များဖြစ်နေမလား မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး သူ့ကိုမချစ်ရဘူး သူက mafai လေ တစ်နေ့သူကျနော့်ကိုပစ်ထားမှာသေချာတယ် သူ့ကိုချစ်လို့မရဘူး

Ring !!!!!

လာပြန်ပြီ ကျနော်ဖုန်းချပစ်လို့မကြေနပ်တာနေမှာပေါ့

Lay : မင်းတော်တော်အားနေတာလား

Kai : ဘာတွေပြောနေတာလဲ

ပြန်ဖြေလာတဲ့သူက ကျနော့်သူငယ်ချင်းအသံမဟုတ်ပဲ
ဒီအသံကျနော်အရင်းနီးဆုံးအသံ

Lay : Ka ... Kai

ဘာမှဆက်မပြောနိုင်

Kai : အိမ်ပြန်

Lay : ပြန်ဖို့အိမ်မရှိဘူး မင်းငါ့အိမ်ရောင်းလိုက်ပြီပဲ

Kai : စကားမရှည်နဲ့ ပြန်ဆိုပြန် ၁၅ မိနစ် မင်းအိမ်မရောက်ရင် ငါ့အကြောင်းသိမယ်

Lay : မကြောက်ပါဘူး

Kai : စမ်းကြည့်ပေါ့

သူအဲ့လောက်လေးပြောပြီး ဖုန်းချသွားလိုက်တယ် သူ့ကိုမတွေ့ချင်ဘူး မနေ့ကမှ ကိုယ့်ကိုယ်ကို ကူညီရင်း သူနာမည်နဲ့ညည်းထားတာဆိုတော့ ဘယ်သူကသူ့ကိုသွားတွေ့မှာလဲ သွားပါဘူး

ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now