part 17

906 100 16
                                    

ထိန်းချုပ်မရတဲ့အချစ်

KaiLay ( Yaoi Fic)

Part 17

" Lay part "

ခုကျနော် ဘယ်နေရာရောက်နေတာလည်း ဘယ်နေရာပဲကြည့်ကြည့် ဖြူဖွေးနေတာ ကျနော်သေနေပြီထင်တယ်

ကျနော်မှတ်မိတယ် ကျနော်တို့ ၂ယောက်စီးတဲ့ကာ ချောက်ထဲပြုတ်ကျသွားတာလေ Kai ကော

Lay : Kai မင်းဘယ်မှာလဲ

ကျနော် အဲ့လောက်အကျယ်ကြီးအော်နေတာကို သူပြန်မထူးဘူးဆိုတော့ သူမသေသေးဘူးထင်တယ် ဟင်း!  ၂ယောက်အတူတူ ပြုတ်ကျတာကို ဘာဖြစ်လို့ ကျနော် တစ်ယေက်ာတည်းသေရတာလည်း မတရားလိုက်တာ

Kai : Lay... Lay

ဘယ်သူကျနော့်ကိုခေါ်နေတာလဲ

Kai : Lay!!!!

အဟွတ်! အဟွတ် !

ကျနော်မျက်လုံးဖွင့်ကြည့်တော့ ကျနော်မောလိုက်တာ ရေတေပိုက်ထဲကနေ အန်ထုတ်နေရလို့ Kai ကျနော့်ကို ငုံ့ကြည့်နေတာကိုတွေ့လိုက်တယ် ကျနော်မသေသေးဘူးပေါ့

Lay : ငါမသေသေးဘူးပေါ့

Kai : သေရင် မင်းဒီမှာလာအိပ်နေမှာလား

Lay : ခုငါတို့ဘယ်မှာရှိနေတာလဲ

ကျနော်သူ့ကိုမေးရင်း ထထိုင်ကာ ကျနော် ပတ်ပတ်လည်ကို ကြည့်တော့ ပင်လယ်နဲ့ တော့အုတ်ပဲရှိတယ်

Kai : ကျွန်းပျက်

ကျွန်းပျက် ကျနော်တို့ဒီကနေဘယ်လိုထွက်ရမှာလည်း Kai ကိုကြည့်လိုက်တော့ သူ့ပုံက ဘာမှအပူအပင်မရှိ ကျနော်ကပဲတစ်ယောက်တည်းဖြစ်နေတာ " ငါမင်းကိုမေးကြည့်ချင်တာ မင်းဘာကိုမှမကြောက်ဘူးလား " ဟင်း! 

Lay : ငါတို့ဒီကနေ ဘယ်လိုထွက်မှာလဲ

Kai : ခဏနေ ငါတပည့်တေ လာကြိုလိမ့်မယ်

သူပြောပြီး မက်တက်ရပ်ကာ ဘေးပတ်ပတ်လည်ကိုကြည့်နေလိုက်တယ်

ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now