part 12

1.1K 97 23
                                    

ထိန်းချုပ်မရတဲ့အချစ်

Part 12

🐑 Lay part 🐑

Kai : ရိုးရှင်းတဲ့ဘဝနဲ့ လောကကြီးကို ဖြတ်သန်းလာတဲ့
ကောင်းလေးတစ်ယောက်ရှိတယ် ။ နံနက်အိပ်ယာထနောက်ကျပြီး ကျောင်းကိုနောက်ကျမှရောက်တယ် ကျောင်းကပြန်လာရင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တယ် တခါတလေ လေလေးတချွန်ချွန်နဲ့ ကောင်မလေးတွေကို ကျူလိုက်သေးတယ် ။ ဒီလိုရိုးရှင်းတဲ့ ဘဝမျိုးကိုဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်က တစ်နေ့မှာ သူ့ဘဝ ကိုပြောင်းပြန်လန်ခံလိုက်ရတယ်

Lay : ......

သူကောင်လေးအကြောင်း ပုံပြင်ပြောတာကို သေသေချာချာ နားထောင်နေတယ် သူ့အကြောင်းကိုသူပြောပြနေတာကို ကျနော်သိတယ်

Kai : အဲ့ကောင်လေးရဲ့ ဖခင်က Mafia ဆိုတာကို ကာရကံရှင်က မသိရှာဘူး ။ သူ့မိခင်က Mafia ကြီးနဲ့ လွန်ခဲ့ပြီ သူ့ကိုမွေးလာတာ။ ဖခင်ဖြစ်သူက သူ့ကိုမွေးလာအောင် လုပ်ပေးဒါကလွဲပြီး ဘာမှမလုပ်ပေယဖူးဘူး သူများဖခင်တွေလို ဖခင်မေတ္တာဆိုတာ တခါမှမရခဲ့ဖူးပါဘူး

သူ့ရဲ့မျက်နှာ နဲ့မျက်လုံးက နာကျင်မှုတွေကိုဖော်ပြနေတော့ ကျနော် ခန္ဓာကိုယ်ကြီးကိုဖက်ထားလိုက်တယ်

Kai : နောက်ဆုံးကောင်လေးကို စိန်ထိခိုက်စေမိတာကတော့ သူ့ဖခင်ကြောင့် သူ့မိခင်သေရတာကိုပဲပေါ့

Lay : တော်ပြီ မပြောနဲ့တော့ မသိချင်တော့ဘူး

ကျနော် သူ့ပါးစပ်ကို လက်နဲ့ပိတ်ထားပြီး ပြောတော့ သူကျနော်လက်ကို ဆွဲထုတ်ပြီး

Kai : ဘာလဲ ကောင်းခန်းရောက်ဖို့နဲနဲပဲလိုတော့တာကို

သူပြုံးပြုံးနဲ့ကျနော့်ကိုပြောလာတယ် သူ့ခံစားချက်တွေကို မြိုသိပ်ထားနိုင်တယ်နော် ကျနော်တာဆို အဲ့လိုမလုပ်နိုင်ဘူး

Mafia တွေက သတ်ချင်တဲ့သူတွေကများတယ်လေ ။ သူတို့သတ်လို့မရရင် Mafia တွေ ချစ်တဲ့သူတွေနဲ့ ရင်နှီးတဲ့သူတွေဆီ မြှားဦးလှည့်လာတော့တာပေါ့

ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now