part 8

1.4K 115 17
                                    

ထိန်းချုပ်မရတဲ့အချစ်

Part 8

** Lay part **

မ​နေ့ညက ကျ​နော်​​တော်​​တော်​နဲ့ မအိပ်​နိုင်​ဘူး မိုးလင်းခါနီးမှ အိပ်​​ပျော်​သွားတာ ​နေရာ​ပြောင်းလို့​နေမှာ​ပေါ့

ညက Kai ​ရေချိုးခန်းထဲက​နေထွက်​လာ​တော့ ကျ​နော်​အိပ်​​ပျော်​ ဟန်​​ဆောင်​ထားလိုက်​တယ်​ သူသိမယ်​ထင်​တယ်​ သူအဲ့​လောက်​​တော်​တာမသိပဲ​နေမှာလား ဒါ​ပေမယ့်​သူဘာမှမ​ပြောဘူး ကျ​နော့်​ကိုလည်းဘာမှမလုပ်​ဘူး သူကုတင်​​ပေါ်တက်​ပြီး ကျ​နော့်​​ဘေးမှာဝင်​အိပ်နေလိုက်​တယ်
ဖက်​တာဘာညာလည်းမရှိဘူး

မနက်​နိုးလာ​တော့ Kai မရှိ​တော့ဘူး သူ​ပြော အလုပ်​သွားလုပ်​တာလား​တော့မသိဘူး

Johnnyး သခင်​​လေး ဘယ်​သွားမှာလဲ

ဟင်း ! လာပြန်​ပြီ Johnny ကျ​နော်​အ​ပေါ်ထပ်​က​နေဆင်းလာပြီး အိမ်​အပြင်​ဘက်​ထွက်မလို့လုပ်​​တော့ ​​မေးလာတယ်

ကျ​နော်​သိတယ်​ ​ခြေချိန်းရှိ​နေတယ်​ဆိုတာ ရှာ​တွေ့လဲ​တွေ့​ပေါ့ သွားချင်​ရာသွားမှာပဲ

Layး မင်းနဲ့ဘာဆိုင်​လဲ

ကျ​နော်​​ပြောပြီး သူ့​ရှေ့က​နေဖြတ်​​လျှောက်​သွားပြီး အိမ်​အပြင်​ဘက်​ကို​ရောက်​​တော့ ကားလည်းမရှိဘူး ဘယ်လိုသွားရမှာလဲ

Layး ကားတစ်​စီး​လောက်

ကျ​နော်​​နောက်​လှည့်​ပြီးသူ့ကို​ အရှက်​မရှိစွာ​မေးလိုက်​တယ်​ ရှက်​​နေရင်​ မသွားရ​တော့ဘူး​လေ

Johnnyး မရဘူးဗျာ့

ကျ​နော်​ထိုင်​ပြီး ​Kai ဆွဲ​ပေးထားတဲ့ ခြေချိန်းကြိုး အနားသို့ ငုံ့ကာ

Layး အပြင်​ထွက်​မလို့ ကားခဏငှါးမယ်​ ​ထွက်​​ပြေးတာမဟုတ်​ဘူး​နော်​ အပြင်​ခဏထွက်​တာ

သူကြားရမှာပါ ကျ​နော်​ပြန်​ထပြီး Johnny ကို

Layး ခွင့်​​တောင်းပြီးပြီ ​ပေး

ပြောပြီး လက်​ဖြန့်​​တောင်းလိုက်​ သူမ​ပေး​သေးဘူး ရတယ်​ သူ့ခါးမှာကား​သော့ရှိတယ်​ အဲ့ဒါဆွဲယူလိုက်​မယ်​ ဟီးဟီး

ထိန်ချုပ်မရတဲ့အချစ် Where stories live. Discover now