Part - 1

2.5K 83 0
                                    

         တစ်ခါက ကျေးရွာလေး တစ်ရွာတွင်
နှစ်အိမ်ထဲသီးသန့်  ရွာအနောက်ဘက်
တောအုပ်အစွန်တွင် နေထိုင်ကြသည့် မိသားစုနှစ်စု ရှိလေသည်။
လူသားတွေနှင့်မသက်ဆိုင်သည့် ၀ံပုလွေမိသားစုနှင့် လူသားမိသားစုလေးပင်ဖြစ်သည်။ သို့သော်... မိသားစုလေးနှစ်စု
မှာ အလွန်ချစ်ခင်ကြင်နာကြလေသည်.. ။
မိသားစု နှစ်စု လုံးမှာ ချစ်ဖို့ကောင်းသည့် သျှားခတ်သွေး
ဆိုသည့် ကောင်မလေးနှင့် အသူရာမောင် ဆိုသည့် ကလေးမလေး
ရှိကြလေသည်... ။

" မမတွေး ဒီမှာလာကြည့်ပါဦး ညန်ညန်လာ "  မပီကလာ ပီကလာ
နှင့် သွေးကို အတင်းလက်ဆွဲခေါ်နေသည့်.. အသူရာမောင်..

" သူလေး ဖြည်းဖြည်း လျှော်လဲမယ် ဘာလဲ ဘယ်မှာလဲ "

" အွန် အစောကဒီနားမှာတင်တွေ့တာ
ပါ ခုဘယ်ရောက်သွားလဲ ယုန်လေးလေ သူသူ.်တွေ့လိုက်တယ်
အဟင့် ဟင့် မမတွေးကိုကြချင်ပါတယ်ချို "

     သျှားခတ်သွေးသည် သူ့ထက် နှစ်နှစ်မျှ ငယ်သော သူသူ့အား မျက်စိအောက်က အပျောက်မခံ
လောက်အောင်ချစ်လေသည်။ ပူဆာ သမျှ လုပ်ပေးချင်သည်မှာ...
အကျင့်တစ်ခုလိုတောင် ဖြစ်နေခဲ့လေပြီ...

" မမ ယုန်လေးနောက်လိုက်ရအောင်
နော် နော် ဒီဘက်ကညေတွားတာပဲဖစ်
ရမြယ် နော် နော် " 

" အာာ သူသူ  အဲ့ဘက်ထဲမသွားရဘူးလို့ မေမေ
အန်တီမေမေ ဖေဖေ ဦးဦးဖေဖေ တို့
မှာထားတယ်လေ သိသွားရင်
ဆူခံရမှာ မမကဆူခံရလဲ ဘာမှဖြစ်ဘူး
သူလေးကို ဆူတာကြည့်မနေနိုင်ဘူး မသွားပါနဲ့နော် "

      သွေးပြောသမျှနားထောင်နေရင်း
မျက်နှာလေးမဲ့လာကာ နှာသီးလေး
များနီရဲလာလေသည်။

" မမ မမက သူသူကိုမှမချစ်တာ အာ့
ကြောင့် မတွားတာပေါ့ ဟီးးးးးဟင့် ဟင့် "

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now