Part - 5

687 67 2
                                    

          ဒီနေ့ညနေ ရေမိုးချိုး သနပ်ခါးလူးပြီး စောင့်နေဟု
မ ဆီကဖုန်းဝင်လာသောကြောင့် သူသူ ထိုင်စောင့်နေမိသည်........ မ ကို ချစ်တယ်... ရိုးရိုးလေးပါပဲ မ ကိုသိပ်ချစ်တယ် .........

"တီး.... တီး...."

        ကားဟွန်းသံကြားလိုက်သောကြောင့် သော့ယူပြီး
ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်....

"ခလေး တံခါးတွေပိတ်ပြီး ကားပေါ်တက် သွားစရာနေရာရှိ
တယ်"

"ဟုတ် မ ဘယ်ကိုလဲ"

"ရောက်တော့ သိမှာပေါ့ "

*************************

       ဟိုတယ်တစ်ခုရဲ့ အပြင်အဆင်က သပ်ရပ်သေသပ်လွန်းသည်....... ခန်းမဆောင် တစ်ခုလုံး
တွင် မ နဲ့ သူသူနဲ့နှစ်ယောက်တည်းသာ ရှိလေသည်...

"ထိုင်လေ ခလေး"

"မ ဟို "

       ကောင်မလေးနှုတ်ခမ်းပေါ် လက်ညိုးလေးတင်လိုက်
ပြီး ထိုင်စေလိုက်သည်....... ပြီးနောက်

"ခလေး မ ကို လက်ထက်ခွင့်ပြုပါလား"

"အို..... " သူမအရှေ့တွင် အရောင်တလက်လက်စိန်
တစ်ပွင့်လက်စွပ်နှင့် ဒူးထောက်ထိုင်လိုက်သော မ ကြောင့်
သူသူပါ မ ရှေ့တွင် ဒူးထောက်ထိုင်လိုက်ကာ....

"မ ရယ် သူသူလက်ခံပါတယ် အဲ့လိုကြီးမလုပ်ပါနဲ့
ငရဲတွေကြီးကုန်ပါဦးမယ် ထ "

       ခတ် ထကာ လက်စွပ်လေးကိုဝတ်ပေးပြီး ပါးမို့မို့လေးကို
နမ်းရှိုက်လိုက်လေသည်.....

************************

ခတ်နှင့်သူသူတို့ ဒီနေ့ရုံးတက်လက်မှတ်ထိုးလိုက်ပြီး
ဘုန်းကြီးငါးပါးပင့်ကာ ဆွမ်းကပ်သည်.... ပြီးနောက် မိဘမဲ့ဂေဟာတွင် အလှူလုပ်လိုက်လေသည်......

"ဟူးးးး ပင်ပန်းလိုက်တာ ခလေးရာ အယ် မှားလို့ ဘွာတေး
ဘွာတေး မိန်းမရာ"

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now