Part - 2

787 65 6
                                    

           ကလေးမလေးသည် ခေါ်လာသည့်နေကတည်းက
အပြင်းဖျားနေခဲ့သည်မှာ ၃ ရက်ရှိလေပြီ.... အိမ်မှာပဲ
လက်စွဲတော်ဒေါက်တာဦးကောင်း ဆေးပုလင်းချိတ်ပေးထားလေသည်.... သူ့မိန်းမ ချိုတစ်ယောက်လည်း ကလေးအနားကနေကိုမခွာပေ... ကောင်မလေးတွေရှိပေမယ့် အစစအရာရာ သူကိုယ်တိုင်ပဲလုပ်ပေးနေလေသည်.... သူ့လိုပဲ မြင်မြင်ချင်း
ချစ်လို့တဲ့ " ကိုရယ် ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် "
ပြောနေသေးသည်....

" ချို....သမီးလဲအဖျားကျနေပါပြီ သွားနားလိုက်ဦးလေ
ကို ကြည့်ထားမယ်"

" ကို ကစိတ်မချရပါဘူး လက်ထဲကစာအုပ်ရှိနေရင်
ဘေးပတ်ဝန်းကျင်ကိုမေ့နေပြီးတော့ "

" ဟား..... ဟား... ချိုရယ် အဖြစ်သည်းလိုက်တာကွာ
ကဲပါ စာအုပ်ကို ဟောဒီလိုချထားလိုက်မယ် ရပြီလား "

မျက်စောင်းချီပြီး ပြောနေသော ချို့ကြောင့် စာအုပ်ကိုပစ်ချမှသာ ပြုံးစပ်စပ်ဖြစ်နေသော ကျွန်တော့်ကို
တစ်လှည့် သမီးကို တစ်လှည့် ကြည့်ပြီး အခန်းထဲကထွက်သွားလေသည်......

" ကလေးရေ...သမီးလေး အတိတ်ဆိုးတွေကို ချန်ထားခဲ့ပြီး ဤ အချိန်ကနေစ ပျော်ရွှင်ပါစေကွာ"
ကလေးခေါင်းလေးကိုပွတ်ပြီး သူတစ်ယောက်တည်းပြောနေမိလေသည်......

*******************
👉 ၁၄ နှစ် ကြာပြီးနောက် 👈
*******************

      နက်ဖြန် အသက် (၂၀)  ပြည့်မွေးနေ့ကို သူငယ်ချင်းတွေနဲ့ party လုပ်ဖို့ ခြံထဲတွင် အားကြိုးမာန်တက်ပြင်ဆင်နေသော သမီးလေး
သျှားခတ်သာကို ကြည့်ကာ လွန်ခဲ့သော ၁၄ နှစ်ခန့်က
သျှားခတ်သွေးအဖြစ်ကို ပြန်သတိရနေမိသည်....
သမီးလေး ဤအဖြစ်အပျက်တွေကို အပြင်းဖျားပြီးကတည်းက
လုံးလုံးသတိမရတော့ချေ.... ကျွန်တော်စောသာနှင့်ကျွန်တော့မိန်းမ ချိုရီ၏ သမီးအရင်းလေးလို့သာ သိထားလေသည်...

ကျွန်တော်တို့လင်မယားနှစ်ယောက်လဲ အသိမခံချင်ပေ..
ထို့ကြောင့်ပင် နာမည်ကိုတောင် ကျွန်တော့နာမည်ထည့်ကာ
သျှားခတ်သာဟု ပြောင်းခဲ့လေသည်......

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now