Part- 6

705 64 9
                                    

        လကွယ်ညတွေကို မသိကျေးကျွန်ပြု နေလာခဲ့သည့်
တစ်လျှောက် ကာကွယ်ပေးနေတဲ့အရာတွေ အားအင်ဆုတ်
လျော့လာခဲ့သည်ကို မသိကြပေ........

    ယခုထိတိုင်လည်း ခတ် မိဘတွေသတ်သွားခဲ့သည့်သူကို
ရှာနေဆဲပေ.... မိန်းမနဲ့သားလေးတာရာလင်းခတ်တို့
ကိုအနှောင့်အယှက်ဖြစ်မည်ဆိုး၍ ဘာမှမပြောပဲ တိတ်တဆိတ်သာ ရှာဖွေနေခြင်းဖြစ်သည်......

ပျော်သည် ဤဘ၀လေးကိုပျော်သည် ချစ်ဖို့ကောင်းတဲ့မိန်းမနဲ့သားလေး ရှိသည်....... ခတ် သည်ရက်ပိုင်း အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေလေ
သည်.... မိန်းမကိုလဲမပြောရက်ပေ.... ခတ် သတိထားမိ
သည်မှာ လွန်ခဲ့သော ခတ် အသက်၂၀ လောက်ကပုံနှင့်
မနေ့တနေ့ကရိုက်ထားသည်ပုံတွင် ခတ် ဘာမှမပြောင်းလဲပေ... သို့သော် သူသူ ခတ်ရဲ့မိန်းမသည်
အသက်တနှစ်ထက်တစ်နှစ်ကြီးလာသည့်အမျှ အနည်းငယ်
တော့ဇရာပြောင်းလဲသွားသေးသည်..... အခုဆို ခတ် အသက် ၃၀ ပြည့်တော့မည်ဖြစ်သည်.......

     တိုက်ဆိုင်သည်လို့ပဲပြောရမလား သူမရဲ့ကံကြမ္မာလို့ပဲ
ပြောရမလား ထိုအသက် ၃၀ ပြည့်သောနေ့သည်လဲ.........
လတစ်လရဲ့ လကွယ်ညဖြစ်လေသည်.......

**********************

"မေမေ သားသား ဗိုက်ထဲက မြည်နေတယ် အူလေးတွေ
သနားပါတယ် မေမေရယ် ဗိုက်ဆာလို့ထင်တယ်"

"ဟားး ဟား ဟုတ်လား ပြပါဦး အူလေးတွေ ဘယ်လိုအော်
နေလဲဆိုတာ မေမေနားထောင်ကြည့်ရအောင်"

"ဟာ...... မားပြန်လာပြီ နောက်မှနားထောင်တော့မေမေ "

        သူသူ့ကိုမေမေဟုခေါ်ပြီး မ ကိုတော့ မားတဲ့လေ...
သူ့တွင် အမေနှစ်ယောက်ရှိသည်ဟုပြောပြီး ပျော်နေတတ်
သော သားလေး တဖြည်းဖြည်းအရွယ်ရောက်လာရင်...
သူသူ့တို့ကို နားမလည်မှာဆိုးနေမိတယ်.....

"မား သားသားက မားကိုလွမ်းနေတာ မားကရော
သားကိုလွမ်းဘူးလား"

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now