Part - 7

1.2K 77 10
                                    

" နက်ဖြန် မ မွေးနေ့ဒီမှာပဲ လုပ်လိုက်တော့နော် "

" မား မွေးနေ့ဟုတ်လား ယေးးး ကိတ်ခွဲရတော့မယ် "

" အယ် ကိတ်ခွဲရမှာ မားလေ သားသားမှမဟုတ်တာ "

" သားသားလဲလိုက်ခွဲမှာလေ မားကလဲ... မားမွေးနေ့လဲ
သားသားမွေးနေ့ပဲ သားသားမွေးနေ့လဲမားမွေးနေ့ပဲ...
အတူတူပဲကို..... "

"ဟားး ဟားး ဟုတ်ပါပြီကွာ "

************************************

" ဒုန်း......ဒုန်း.... ဒုန်း... "

" ဟင်... "

တဒုန်းဒုန်း အသံကြားသောကြောင့် သူသူ လန့်နိုးလာခဲ့
သည် ။ အသံလာရာ ကြည့်မိချိန်တွင်

" အို....ဘုရားရေ မ ဘာ ဘာတွေလုပ်နေတာလဲ မ ရယ် "

နံရံကို နဖူးနှင့် ဆောင့်နေသည်မှာ သွေးများဖြာထွက်နေပြီဖြစ်
သည်..... မ လက်ကိုဆွဲပြီး ဆွဲခေါ်လဲ မလိုက်လာပဲ
ဆောင့်မြဲဆောင့်နေလေသည်...

" မ မ မ ဘာဖြစ်နေတာလဲ "

" ဖယ် မကိုင်နဲ့ နင်ငါ့အသားမထိနဲ့ "

မ အော်သံကြောင့် သားလေးပင် လန့်ပြီးနိုးလာသည်....သားလေးကို သူသူအပြေးသွားဖက်လိုက်လေသည်....သားလေးအတော်ပင်ကြောက်နေပြီဖြစ်သည်....

" မေ မေမေ မား ဘာဖြစ်တာလဲဟင် "

" မ ရယ် တော်ပါတော့ တော်ပါတော့ သူရော သားလေးရော
ကြောက်နေပြီ တော်ပါတော့ "

ရုတ်တရက် နဖူးကိုဆောင့်နေရင်းမှ သူသူတို့သားမိဘက်ကို နီစွေးစွေး မျက်လုံးများဖြင့် လှည့်ကြည့်ကာ .....

" နင့်ကြောင့် နင့်ကြောင့် င့ါအသက်ကိုလုခဲ့ရတာ နှစ်ပေါင်းများစွာ အားအင်တွေလျော့ခဲ့ရတာ "

"ဟင် ဘယ်သူလဲ ရှင်ဘယ်သူလဲ မ မဟုတ်ဘူး မ မဟုတ်ဘူး ရှင်ဘယ်သူလဲ "

အသံက ဩလာကာ ယောက်ျားရင့်မာကြီး အသံဖြစ်လာလေသည်....

" ဒီနေ့တော့ နင့်ကိုပါငါ သတ်မယ် ပြီးတော့ နင့်ရင်ခွင်ထဲက
ကောင်လေးရော ရှုပ်တယ်..."

You've reached the end of published parts.

⏰ Last updated: May 21, 2020 ⏰

Add this story to your Library to get notified about new parts!

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now