တစ်ခါက ကျေးရွာလေး တစ်ရွာတွင်
နှစ်အိမ်ထဲသီးသန့် ရွာအနောက်ဘက်
တောအုပ်အစွန်တွင် နေထိုင်ကြသည့် မိသားစုနှစ်စု ရှိလေသည်။
လူသားတွေနှင့်မသက်ဆိုင်သည့် ၀ံပုလွေမိသားစုနှင့် လူသားမိသားစုလေးပင်ဖြစ်သည်။ သို့သော်... မိသားစုလေးနှစ်စု
မှာ အလွန်ချစ်ခင်ကြင်နာကြလေသည်.. ။
မိသားစု နှစ်စု လုံးမှာ ချစ်ဖို့ကောင်းသည့် သျှားခတ်သွေး
ဆိုသည့် ကောင်မလေးနှင့် အသူရာမောင် ဆိုသည့် ကလေးမလေး
ရှိကြလေသည်... ။" မမတွေး ဒီမှာလာကြည့်ပါဦး ညန်ညန်လာ " မပီကလာ ပီကလာ
နှင့် သွေးကို အတင်းလက်ဆွဲခေါ်နေသည့်.. အသူရာမောင်.." သူလေး ဖြည်းဖြည်း လျှော်လဲမယ် ဘာလဲ ဘယ်မှာလဲ "
" အွန် အစောကဒီနားမှာတင်တွေ့တာ
ပါ ခုဘယ်ရောက်သွားလဲ ယုန်လေးလေ သူသူ.်တွေ့လိုက်တယ်
အဟင့် ဟင့် မမတွေးကိုကြချင်ပါတယ်ချို "သျှားခတ်သွေးသည် သူ့ထက် နှစ်နှစ်မျှ ငယ်သော သူသူ့အား မျက်စိအောက်က အပျောက်မခံ
လောက်အောင်ချစ်လေသည်။ ပူဆာ သမျှ လုပ်ပေးချင်သည်မှာ...
အကျင့်တစ်ခုလိုတောင် ဖြစ်နေခဲ့လေပြီ..." မမ ယုန်လေးနောက်လိုက်ရအောင်
နော် နော် ဒီဘက်ကညေတွားတာပဲဖစ်
ရမြယ် နော် နော် "" အာာ သူသူ အဲ့ဘက်ထဲမသွားရဘူးလို့ မေမေ
အန်တီမေမေ ဖေဖေ ဦးဦးဖေဖေ တို့
မှာထားတယ်လေ သိသွားရင်
ဆူခံရမှာ မမကဆူခံရလဲ ဘာမှဖြစ်ဘူး
သူလေးကို ဆူတာကြည့်မနေနိုင်ဘူး မသွားပါနဲ့နော် "သွေးပြောသမျှနားထောင်နေရင်း
မျက်နှာလေးမဲ့လာကာ နှာသီးလေး
များနီရဲလာလေသည်။" မမ မမက သူသူကိုမှမချစ်တာ အာ့
ကြောင့် မတွားတာပေါ့ ဟီးးးးးဟင့် ဟင့် "
YOU ARE READING
သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )
Werewolfဤအချစ်.....သွေးဖြင့်ဆက်ရမည်ဆိုပါက ဆက်နေဦးမည် ဤအချစ်..... နှလုံးသားဖြင့်ရေးရမည်ဆိုပါက ရေးနေဦးမည် ဤအချစ်..... အသက်နှင့်ရင်းရမည်ဆိုပါက ရင်းနေဦးမည် သျှားခတ်သွေး... လူရယ်လို့ဖြစ်လာကတည်းက တစ်ယောက်သောသူအတွက်...