Part - 4

684 63 2
                                    

         ခတ် အိပ်ယာပေါ်လူးလိမ့်ရင်း မျက်မှောင်ကြုတ်ကာ
နာရီကိုလှမ်းယူကြည့်လိုက်လေသည်.... ၈ နာရီတောင်
ခွဲနေပါ့လား..... ဒီနေ့ဘာလို့ သီချင်းသံမကြားရသေးတာပါလိမ့်......
နေ့တိုင်း သီချင်းသံနှင့် နိုးထပြီး လိုက်ငြီးတတ်သည်မှာ
အကျင့်ပင်ဖြစ်နေလေပြီ...... ဘာများဖြစ်လို့လဲ...
နေများမကောင်းဘူးလားဟု တွေးကာ.... အောက်ကို
ကပြာကယာ ညအိပ်ဝတ်အင်္ကျီနှင့်ပင်... ပြေးဆင်းသွားမိသည်.....

" ကောင်မလေး ကောင်မလေး သူသူ "

"ရှင်... မမ ဘာဖြစ်လို့လဲဟင်"

"အင်း... ဟို ဒီနေ့ ပန်းမခူးဘူးလားလို့ မေးမလို့"

" ဟိ ညကအိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ
ထတာနောက်ကျသွားလို့"

"ဪ.. အင်း"

"ဘာလို့လဲ မမ ပန်းလိုချင်လို့လား သူသူ အခုခူးပေးမယ်လေ"

"နေ... နေ မဟုတ်ပါဘူး ဗိုက်ဆာနေပြီ မျက်နှာသစ်ပြီး
ပြန်ဆင်းခဲ့မယ်"

       ညကအိပ်ကောင်းတယ်ဆိုပဲ ဟုတ်မှာပါ ခတ် တံခါးပြန်သွားဖွင့်ပေးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ
လေ.... ခတ် ည ကိုတွေးမိပြီး ပျော်သွားလေသည်...
ည က ဘာမှမဖြစ်ပေ.. နာရီကိုသတိထားကြည့်မိချိန်တွင်
၂ နာရီတောင်ကျော်နေခဲ့ပြီလေ......ခတ် ဘာလို့ ဘာမှမဖြစ်
တာလဲ ဆိုတာကို တွေးဆ၍ မရပေ.... မည်သို့ပင်ဖြစ်စေ
ခတ် ပျော်နေသည်... တနေရာရာကို အေးအေးဆေးဆေး
သွားချင်သည်... ရေမချိုးသေးပဲ...ကောင်မလေးကိုလှမ်း
ခေါ်လိုက်လေသည်.......

"သူသူရေ ကောင်မလေး"

" ရှင်...မမ ဘာခိုင်းမလို့လဲ"

"ရေမိုးချိုးပြီး အင်္ကျီသစ်လဲထား.....ပြီးတော့ အိမ်မှာ ဘာစား
စရာရှိလဲ တစ်ခုခုနဲ့ထည့်ထားလိုက်...."

သွေးနှင့်ရေးသော အသူရာကြမ္မာ (Unicode &Zawgyi )Where stories live. Discover now