❄(1)🍁

10.2K 423 29
                                    

❄🍁
လေပြေလေး တစ်ချက်ဖြတ်သန်းလိုက်ရင်ဖြင့် အရိုးခိုက်မတက် ချမ်းစေသော ရာသီဥတု .
ပြူတင်းပေါက်မှန်တွေကအစ ရေခဲတွေရိုက်ကာ အဘယ်မျှလောက် အေးနေသည်ဆိုတာကို ဖော်ညွှန်းနေသည်.

အမွေးပွပွအင်္ကျီထဲ အထပ်ထပ်ဆင်မြန်းထားသော အနွေးထည်တွေ အပြင် စောင်အထူကြီးတစ်ထည်ကိုလုံးထွေးခြုံထားတာတောင် လှုပ်ရှားလိုက်တိုင်း တိုးဝင်လာတဲ့ အအေးဓာတ်ကို သည်းမခံနိုင်သေး..

''မုန်းတယ် မုန်းတယ် ဒီလောက်များတဲ့ နိင်ငံတွေထဲမှာမှ ဘာလို့ ဆွဇ်ဇာလန်ကိုမှ ရွေးပြီးလွှတ်ရတာလဲ ''

အချိန်အားဖြင့် မနက်ကိုးနာရီကို ဖော်ပြနေတဲ့ နာရီလက်တံတွေကလဲ အေးစိမ့်စိမ့်လေထုကို မတွန်းလှန်ချင်ပဲရှိနေသလို ထိုနေရာမှ တုပ်တုပ်မလှုပ် ..။

'' အမေ့ အေးလိုက်တာဟ ''

နေရောင်ခြည်လေး တွေ့လိုတွေ့ငြား မှန်တံခါးတွေနားသွားဖို့ကုတင်ပေါ်က ခြေလှမ်းချလိုက်မှ ကြမ်းခင်းတွေက အေးစက်နေတာကို ခံစားမိလိုက်သည်။

''ဘာလဲ ဘွိုင်လာလဲ ပျက်နေတာပဲလား ''

ဘွိုင်လာတင်မက ရေပိုက်ကရေကလဲ တစက်ကျဖို့ ငါးမိနစ်စောင့်ရတယ် ဒီကြားထဲ ရေချိုးခန်းတံခါးလော့ခ်က ပျက်နေသေး. .

''ငါ လုံးဝ သည်းမခံနိုင်တော့ဘူး ''

ကုတင်ဘေးက စားပွဲပေါ်မှာ အသက်မဲ့စွာ တည်ရှိနေသော ဖုန်းကို ကောက်ကိုင်လိုက်ပြီးမှ မနေ့က အရည်ပျော်ကာစ ပြုနေသော ရေခဲတွေထဲ ချော်လဲပြီး ပြုတ်ကျပြီးချိန်မှစ၍ ပွင့်မလာခဲ့တော့သည့် အဖြစ်မှန်ကို အောင့်သက်သက်နဲ့ လက်ခံလိုက်ရသည် .

''ကင်ထေးယောင် လမ်းလျှောက်ရင်း ခလုတ်တိုက်လဲပါစေ ''

အသံထွက်ဆုတောင်းလို့ရနေသ၍ မပျက်မကွက် ဆုတောင်းနေဦးမှာပဲ ... ...
အပြင်ထွက်ချင်စိတ် နှမ်းစေ့လောက်ပင်မရှိသော်လည်း မထွက်လို့ မဖြစ်သောအကြောင်းတို့က တောင်လိုပုံနေသည်.။
မျက်နှာသစ်ဖို့လဲ စိတ်မပါ ဖြစ်နိုင်ရင်ပြန်တဲ့အထိ ရေကိုတစက်လေးမှ ထိချင်စိတ်မရှိ။  .ထိစရာကိစ္စလဲ မရှိရင်ကောင်းမယ်။
တော်ပြီ ဆက်မတွေးချင်တော့ဘူး တနုံ့နုံ့တွေးလိုက်တိုင်း ဒေါသတွေ အလိမ့်လိုက်တက်လာတာပဲ အဖက်တင်သည် ။

Winter's First Love ❄❄ {Completed}Where stories live. Discover now