❄(8)🍁

2.4K 279 29
                                    

🍁❄

" လုမစားနဲ့လေ !!"

ပေါက်ပေါက်ဆုပ်တစ်ဗူးကို နှစ်ယောက်လုစားရသည့်အလုပ် . ပိုဆိုးတာက ရုပ်ရှင်ထိုင်ကြည့်ပြီး စားနေရသည့် ကိစ္စ။

drama မာရသွန်ဆိုလား ဘာလား .
မိုးလင်းထဲက ရယ်လိုက် ငိုလိုက် .  second leadက အကျင့်ယုတ်လိုက်တာပြောပြီး ဘေးနားကထိုင်နေတဲ့လူ လက်မောင်းကို တဗုန်းဗုန်းထုလိုက် . . ။ မင်းသားအမေက မင်းသမီးနဲ့ သူ့သားကို သဘောမတူဘူး အတင်းငြင်းရင် သူကအပြင်က ဒေါသတွေထွက်လိုက် လက်မောင်းကို တဖြန်းဖြန်းရိုက်လိုက်။

ဒီလောက်ခံရတာတောင် မင်းသားနဲ့ မင်းသမီး ကြည်နူးနေကြပြီဆို သူမတစ်ယောက် တခစ်ခစ်နဲ့ သဘောတွေကျပြီး ရင်ခွင်ထဲ ပြန်ဝင်တိုးမယ့်အချိန်ကို အနားကထိုင်စောင့်နေသည့် သူ။

" အိပ်ငိုက်လာပြီ "

"ပိတ်လိုက်ရတော့မလား "

"ဆက်ကြည့်ချင်သေးတာ "

" မနက်မှကြည့်လေကွာ အခု အိပ်တော့ "

"အင်း "

အင်းဆိုပြီး နှုတ်ခမ်းဖူးဖူးတို့ကို လက်ညှိုးလေးနဲ့ ထိပြီး နမ်းခိုင်းနေသည့် မိန်းကလေး ။

"အိပ်တော့ "

ပျော့အိအိဆံနွယ်တွေကိုပါ မြတ်နိုးစွာ နမ်းရှိုက်ရင်း ဂွမ်းစောင်ထူထူကို ပုခုံးအထိလုံအောင် ခြုံပေးလိုက်သည်။
ကိုယ်တိုင်ကတော့ အခန်းထဲက ခေါင်းအုံးနဲ့ စောင်ကို ဆွဲယူလာပြီး သူမအိပ်နေသည့် ဆိုဖာဘေးက ကြမ်းပြင်ပေါ် နေရာယူလိုက်သည်။

" ဘာလုပ်တာလဲ "

"အိပ်မလို့လေ "

"အကောင်းတိုင်းရှိနေတဲ့ အခန်းကြီးထားပြီး ဒီမှာ အိပ်စရာလားလို့ "

"ဘာဖြစ်လဲ ကိုယ့်အိမ်ပဲ ကိုယ်အိပ်ချင်တဲ့နေရာမှာ အိပ်မှာပေါ့ "

စောင်ခေါင်းမြီးခြုံပြီး ပြန်ထထိုင်လာလို့ ခေါင်းမော့ပြီး ကြည့်တော့ စူပုတ်နေတဲ့ မျက်နှာထားနဲ့ ငုံ့ကြည့်လာသောသူမ။

"သဘောပဲ "

. . .
~~~

❄🍁

ရုပ်ရှင်ကြည့်နေသည့် တချိန်လုံး အိပ်ငိုက်နေတဲ့လူက အခုတော့ ကြမ်းပြင်ပေါ်မှာ ခွေခွေလေးအိပ်လို့ ။  သူများမိသားစုတွေကို အားကျလို့ အခန်းထဲထိုင်ပြီး ငိုင်နေတက်တဲ့ လူငယ်လေးတစ်ယောက်တဲ့လား . . စစတွေ့ချင်းထဲက ဒီလိုအကြောင်းတွေကြိုသိခဲ့ရင် ဘယ်လောက်ကောင်းမလဲနော် ကုန်သွားတဲ့အချိန်တွေကို နှမြောလိုက်တာ

Winter's First Love ❄❄ {Completed}Where stories live. Discover now