❄Epilogue🍁

3.4K 250 63
                                    

❄❄

အဖြူရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်တိုက်လေးအရှေ့မှာ သူမ ရပ်နေခဲ့သည်။ အညိုရောင်အုတ်တွေနဲ့ အနားသတ်ထားသော ခြံစည်းရိုးလေးကိုဖြတ်ပြီး အထဲဝင်လိုက်တဲ့အခါ နီစွေးစွေးနှင်းဆီပန်းရုံကြီးတွေက ဆီးကြိုနေ၏။

" ဒါ ဘယ်သူတို့အိမ်လဲ ယွန်းဂီ "

"ကိုယ်တို့နှစ်ယောက်နေဖို့လေ "

သိသိလျက်နဲ့ ထပ်မေးသောမေးခွန်းကို စိတ်ရှည်ရှည်နဲ့ ကြားချင်တဲ့ အဖြေအတိုင်းပြန်ဖြေပေးနေတဲ့ ယွန်းဂီက ဒီနေ့လည်း အရင်နေ့တွေအတိုင်းအင်မတန်ချစ်ဖို့ကောင်းလွန်းနေသည်။

"အိမ်လေးက ချစ်စရာလေးနော် "

"အထဲရောက်ရင် ဒီ့ထက်ပိုအံ့သြသွားမှာ "

ယွန်းဂီက မျက်စိတစ်ဖက်မှိတ်ပြရင်း ဖွင့်ပေးလိုက်တဲ့ တံခါးကတဆင့် အထဲဝင်ဖို့ခေါင်းဆတ်ပြ၏။သို့သော် အထဲဝင်ခါနီးမှ ရုတ်ချည်းဆိုသလို အပေါက်ဝက အပြည့်မဖယ်ပဲ တဝက်ပိတ်ရပ်ထားလိုက်ပြန်သည်မို့ မေးခွန်းထုတ်သလို မျက်ခုံးပင့်မိသည့်အခါ တံခါးလက်ကိုင်ကို ဆွဲပိတ်ပြီး လွတ်နေတဲ့ လက်တစ်ဘက်က သူ့နှုတ်ခမ်းပေါ်ကို လက်ညှိုးလေးထောက်ပြီး
နှုတ်ခမ်းကို အရှေ့တိုးလာတာမို့ သူမနှာခေါင်းရှုံ့မိသည်။ ဘယ်အချိန်ကစပြီး ဒီလိုကလေးဆန်သွားသလဲ မသိပေမယ့် တစ်ခါတလေ သူမအရှေ့မှာ လွတ်လွတ်လပ်လပ်နေသည့်အခါ ပြောင်းလဲသွားသည့် သူ့ပုံစံလေးကို သူမ ချစ်သည်။

"အဲ့ဒါ ဘာကြီးလဲ "

"ဝင်ကြေးတောင်းတာလေ "

"မပေးပါဘူး ဒီအိမ်က အွန်းဟာလည်းပိုင်တယ်ဆို. . . ဘာလို့ဝင်ကြေးပေးရမှာလဲ မပေးနိုင်ပါဘူး "

ရင်ဘတ်ကိုလက်သီးဆုပ်နဲ့ တွန်းထုတ်သော်လည်း နည်းနည်းမှမလှုပ်ပဲ ရပ်နေတာက ဂျစ်တီးဂျစ်ကန်ကလေးဆိုးကြီးလို။

"ဖယ်လေကွာ "

"ကိုယ့်ခင်ပွန်းလောင်းကို နမ်းဖို့ကို ဘာတွေဒီလောက်တွန့်တိုနေရတာလဲ ကလေးမရဲ့ "

"ခင်ပွန်းလောင်းက မတရားတွေတောင်းဆိုနေလို့ပေါ့ ဖယ်နော် မဖယ်ရင် မဝင်ဘူး ပြန်မှာ "

Winter's First Love ❄❄ {Completed}Where stories live. Discover now