❄(2)🍁

3.5K 304 14
                                    

သစ်သားကို တဒုန်းဒုန်းထုနေတဲ့ အသံ . .!
အိပ်လို့အကောင်းဆုံး မနက်ခင်းတစ်ခု ပျက်စီးခြင်းရဲ့အစ. . .
မဟုတ်သေးပါဘူး ဇွတ်ငြင်းရင်း နားနှစ်ဖက်ကို ခေါင်းအုံးဖြင့်အုပ်ကာ ပြန်အိပ်ဖို့ပြင်လိုက်တယ်။သို့ပေမယ့် ရပ်မသွားသေးသော တဒုန်းဒုန်းထုနေသံက ခုဆို 10မိနစ်ခန့်လောက်ရှိနေပြီဆိုတဲ့ အတွေး အဆုံးမှာ . . .မနေ့ညကကြေငြာထားတဲ့ ရာသီဥတုသတင်းက မနှစ်မြို့စရာ replayပြန်လုပ်သည်။ အပြင်မှာ အခုချိန်နှင်းတွေတဖွဲဖွဲကျနေမည်ဖြစ်သည်

''shit shit shit "

အခန်းတံခါးနားကို ဘယ်အလျှင်နဲ့ပြေးထွက်သွားလိုက်မိမှန်းပင် မသိ.တံခါးဖွင့်လိုက်တော့ အပေါက်ဝမှာ မိန်းကလေးတစ်ယောက်
??  . တိတိကျကျရည်ညွှန်းရရင် မနေ့က ကော်ဖီဆိုင်ရှေ့မှာ ဝင်တိုက်မိတဲ့မိန်းကလေး

''ဘာကိစ္စ . . "

စကားတွေပင်မဆုံးလိုက် သူမအထုပ်တွေကို အခန်းဝမှာ လွှတ်ချထားခဲ့ပြီး အထဲကို အတင်းတွန်းဝင်လာသည်။ ဘာလဲဟ . .

''ဒီမှာ ''

sofaပေါ်မှာ ဒူးနှစ်ဘက်ကိုကွေးထိုင်ရင်း အအေးဒဏ်ကြောင့်နီရဲနေတဲ့ နားရွက်တို့ကို လက်ဖြင့်ပွတ်ရင်း အနွေးဓာတ်ပေးနေပုံပေါ်သည်။

".… "

''တံခါးဖွင့်ပေးဖို့ကို ကြာလိုက်တာ !!
ဒါနဲ့အိမ်က လာရတာလှမ်းတယ်နော် အပြင်ထွက်ရင်တော့ ဒုက္ခနည်းနည်းရောက်မယ် ဒါပေမယ့် ကျွန်မတော့ သဘောကျတယ် သြော် ဒီအိမ်မှာ ဘွိုင်လာကောင်းလား ရေရော ရေနွေးနွေးလေး ရလား "

ဟော.

''မင်းက?? ဒီကို ဘာကိစ္စလဲ"

မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူမအဖြေကို စောင့်နေလိုက်သည်.။

"ထေးယောင် က ဒီကို သွားဆိုလို့ "

damn.ကင်ထေးယောင် မနေ့ညက ဖုန်းဆက်ပြီး သူငယ်ချင်းတစ်ယောက်ကို နေစရာလေး ကူညီပေးပါဆိုလို့ လိပ်စာပေးလိုက်မိတာ . သူငယ်ချင်းက အထီးလား အမလား မမေးလိုက်မိ။

''ငါက ယောက်ျားလေးလာမယ်ထင်လို့ ''

သူမခေါင်းတစ်ချက်ငြိမ့်တယ်.

Winter's First Love ❄❄ {Completed}حيث تعيش القصص. اكتشف الآن