❄(12)🍁

2.2K 250 74
                                    

🍁❄

နှစ်လိုဖွယ်မကောင်းသော နေ့ရက်တချို့ကို ခက်ခက်ခဲခဲကျော်လွန်သွားပြီးသည့်နောက်
လူတို့သည်
လောကကြီးကပြန်လည်ချီးမြှင့်သည့်
နှစ်သက်မြတ်နိုးဖွယ် လက်ဆောင်အသေးအမွှားကအစ အရာရာတိုင်းကို ကျေကျေနပ်နပ်ခံယူလာတတ်ကြသည်။

ဥပမာ . .. . ဆားသုံးဇွန်းလောက်ဖိတ်ကျထားသောကင်မ်ချီဟင်းရည်ရယ် အငန်အနည်းငယ်ပိုသည့်ကြက်ဥလိပ်ကြော်ဟင်းတစ်ပွဲရယ်ကို သူမလက်ရာစစ်စစ်ဆိုပြီး အပြုံးမပျက် မိန့်မိန့်ကြီးထိုင်စားနေသည့် အခါမျိုး ။

"စားကောင်းလား ယွန်းဂီ "

"အကောင်းဆုံးပဲ "

"ထမင်းချည်းပဲစားမနေနဲ့လေ ကြက်ဥလိပ်ကြော်လေးပါစား "

"အင်း "

ယူမြည်းလိုက်ရင် ယွန်းဂီစားဖို့မလောက်မှာစိုးလို့ အကုန်စားနော် ဆိုသည့်အမိရဲ့ စေတနာကို ငြင်းဖို့အင်အား လုံလုံလောက်လောက်မရှိသည်က သူ့အားနည်းချက်လို့ပဲ ပြောရမလား မသိ။
ကလေးမက သူ့လက်ရာကို ဒီလောက်အထိယုံကြည်ချက်အပြည့်ရှိနေသည်ကိုလည်း မဖျက်ချင်။
လက်ထပ်ပြီးရင်တော့ ကျွန်တော်ပဲ
ချက်ကျွေးပါရစေ ပတ်အွန်းဟာ ။

"အိမ်ကို ဘယ်လိုပြောထားတာလဲ "

အတော်လေးညဥ့်နက်နေသည့်မို့ အိမ်ကလူကြီးတွေစိတ်ပူနေမည်ဟု သူမကို အသိပေးရုံသက်သက်မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ မနက်ကမှ လတ်လတ်ဆက်ဆက်ပြန်ရထားသည့် ချစ်သူလေးကို အိမ်ပြန်လွှတ်ဖို့ကျပြန်တော့ လူကချီတုံချတုံ။

"ဖုန်း ဘယ်နားကျန်ခဲ့မှန်းမသိလို့ ခုထိမဆက်သွယ်ရသေးဘူး
ပြန်ရတော့မယ့်အချိန်ဆို ပြန်လွှတ်မှာလား "

ပန်းကန်ထဲက နောက်ဆုံးကြက်ဥလိပ်တစ်ခုကို တူနဲ့ကောက်ကာ သူ့ဇွန်းထဲထည့်ပေးရင်း သူမပြန်မေးလာသည်။

"ဟင့်. .အင်း "

မျက်စိရှေ့တည့်တည့်မှာ ထိုင်နေတာ မြင်လျက်နဲ့တောင် အလွမ်းမပြေသေးတာ. .
ဟိုမှာတုန်းက အွန်းဟာကို ဘာလို့များ ပြန်လွှတ်လိုက်လဲ အခုထိ အဖြေမထွက်။
ခဏတာ စိတ်လွတ်သွားတာမျိုးပဲဖြစ်လိမ့်မည်။

Winter's First Love ❄❄ {Completed}Where stories live. Discover now