❄(9)🍁

2.3K 258 45
                                    

❄🍁

ချမ်းတယ် . . ။
ဆိုလ်းရဲ့ဆောင်းရာသီက စိမ့်ပြီးချမ်းတယ်။ခိုက်ခိုက်တုန်သည်အထိအေးတာ အပြစ်မဆိုနိုင်သော်လည်း ဘာကြောင့်မှန်းမသိ နေရတာ လုံးဝနွေးထွေးမှုမရှိ။

"ရောက်နေတာ ကြာပြီလား ဟီးး ငါနောက်ကျသွားတယ် "

အနောက်ကသိုင်းဖက်လာပြီး မျက်နှာကိုပုခုံးပေါ်က ကျော်ကြည့်လာသည့် ကင်ထေးယောင်

" အင်း "

သူမအဖြေကို ကြားပြီး ခေါင်းတစ်ချက်ညိမ့်ပြီးသည့်ခဏ ဖြီးနေတဲ့ မျက်နှာက ရုတ်ချည်းဆိုသလို တည်သွားပြီး လက်ထဲက အိတ်ကို ဆွဲယူလိုက်သည်။
ရှေ့ခန်းတံခါးကို ဖွင့်ထားပေးခဲ့ပြီး လက်ဆွဲအိတ်တွေကို ကားအနောက်ခန်းထဲထိုးထည့်နေ၏။(ဖြေးဖြေးလုပ်လဲ ရရဲ့သားနဲ့). .

"နင့် မျက်နှာက ဘာဖြစ်နေတာလဲ ငါပြန်လာတာဝမ်းမသာတဲ့ရုပ်နဲ့ "

"ဘာလို့ပြန်လာတာလဲ တခါထဲ အပြီးနေလိုက်ပါတော့လား "

နှုတ်ခမ်းကြီးကို မဲ့ရွဲ့ပြီး ပြောလိုက်သည့်စကားကို အတည်တွေထင်ပြီး လွှတ်ကနဲထွက်ကျလာသည့် သူမစကားလုံးတွေက တားဆီးဖို့ပင်အချိန်မရလိုက်။

"အင်းးး တကယ်တော့ ငါလဲ ပြန်မလာချင်သေးဘူးဟ အိမ်ကအတင်းပြန်ခေါ်လို့သာ လာရတာ "

အောက်နှုတ်ခမ်းကို ကိုက်ပြီး ကားကိုသာ အာရုံအတင်းစိုက်ပြီးမောင်းနေသည့် ရုပ်က တစ်ခုခုကို အခဲမကြေဖြစ်နေသည့်အတိုင်း. .ဟု အတွေးပင်မဆုံးလိုက် . .

ထိုအကောင်သည် ကျွီကနဲ အသံအကျယ်ကြီးပေးပြီး ကားကို လမ်းမဘေးသို့ အတင်းဆွဲချကာ ထိုးရပ်လိုက်သည်။

"ဟဲ့ဟဲ့ သေတော့မှာပဲ ကားကို ဘယ်လိုမောင်းနေတာလဲ"

"ငါနင့်ကို သတ်ပစ်ချင်နေတာ "

"ဟမ် ဘာလို့လဲ . . ."

စကားအစအနတို့ ပျောက်ရှနေသလို ထေးယောင်တစ်ယောက် သူမကိုငေးမောပြီးကြည့်လာသည်။ ထိုပုံစံကို သူမ သဘောမကျစွာ သူ့မျက်နှာရှေ့မှာ လက်ဖဝါးကို ခါယမ်းလိုက်သည်။

"သတိမေ့နေတာလား ? "

"သတိမေ့နေတာ နင်လေ !နေပါဦး . .
နင်နဲ့ငါ နောက် နှစ်ပတ်နေရင် လက်ထပ်ရတော့မှာ ဆိုတာကိုရော မှတ်မိသေးတယ်
်မဟုတ်လား "

Winter's First Love ❄❄ {Completed}Where stories live. Discover now