Sun ep *4*(unicode +Zawgyi)

5.1K 440 2
                                    

"ကဲ…ခေးတို့…ဒီနေ့တော့ ဒီလောက်ပါပဲ…!!!"

ဒီစကားကြားရတာ ကျောင်းသားတို့အတွက်
ပျော်ပွဲစားခရီးထွက်ရသည်ထက်ကို ပျော်စရာ
ကောင်းလေသည်။တက်ညီလက်ညီပင်ဆရာ့
ကို ပျော်ပျော်ပါးပါးနှုတ်ဆက်လိုက်ကြပြီးထမင်း
စားဆင်းရန် အားလုံးကတာဆူနေကြပြန်လေရဲဲ့

"Baekhyun…"

"nae…Sam…"

"ဆရာ့ကိုဒီစာအုပ်လေးတွေကို ရုံးခန်းထဲလိုက်
ပို့ပေးပါ…!!!"

"nae…!!!"

ဆရာ့ရှေ့က စာအုပ်တစ်ထပ်ကြီးကို သယ်ကာ
ဆရာ့နောက်ကနေ ကော့တော့ ကော့တော့နဲ့
လိုက်ချသွားတော့ Kyung Sooလိုက်ကြည့်နေ
တာကိုသိသည်။Chanyeolမှာတဗျစ်တောက်
တောက်…

"လူက သေးရတဲ့ အထဲ…အဲ့ဒီSamကလဲသူ့
စာအုပ်တောင်မနိူင်ဘူးလားမသိ…ကျစ်…မဖြစ်
သေးပါဘူး…လိုက်သွားဦးမှပါ…!!!!"

ပြောပြောဆိုဆိုနဲ့ ခုံမှထအရပ်…

"Chanyeol…!!!!"

ကိုယ့်ကိုမော့ကြည့်ပြီးခေါ်လာသော ပင်ဂွင်း
အပုကောင်…သာသနာဖျက်…ကတုံးကေ…><

ပြော ဆိုသည့်အထာနှင့်မေးဆတ်ပြလိုက်တော့
ဟိုက စားပွဲခုံကိုပုတ်ကာ…

"ထိုင်ဦး…မေးစရာရှိတယ်…!!!!"

အံမယ်…သူက…!!!ဒင်းက…ကိုယ့်ကိုဆိုအမြ
ဲမကြည်မလင်ဖြစ်နေတတ်တဲ့ …ပင်ဂွင်းက.ခုတော့ ကိုယ့်ကိုအရေးတယူ
ထိုင်ဖို့တွေဘာတွေပြောလို့ပါလား…???

ခန့်မှန်းရခက်သော မျက်နာကိုပိုင်ဆိုင်ထားသောKyung Soo၏
လက်ရှိ ဘာပြောချင်နေသည်ဆိုတာကိုတော့
လည်လည်ဝယ်ဝယ်ဖြစ်သည့် Chanyeol
ကမခန့်မှန်းတတ်ပါ…ခရမ်းရောင်ပြောင်းလဲထားသည့် ဆံပင်ခပ်ဖွာဖွာကြား လက်ချောင်း
တွေထိုးသွင်းရင်း ခုံပေါ်ပြန်ထိုင်ကာ…

"Baekhyunမျက်နှာကြောင့် မင်းမေးတာကို
ငါက အရေးတယူဖြေပေးမှာနော်…!!!"

အရင်ဦးအောင် အထက်စီးကဖိပြောတော့ဟို
သကောင့်သားက ဝုန်း ဆို ကိုယ့်ဘက်လှည့်ချ
လာကာတစ်ခုခုနဲ့ထထုတော့မယ့်စတိုင်မလိုင်နဲ့…

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now