Sun *38*(Unicode +Zawgyi)

2.6K 353 56
                                    


မျက်နှာတစ်ခုလုံးကို လက်ဖဝါးနှစ်ဖက်ဖြင့်တစ်
ချက်ပွတ်သပ်လိုက်ရင်းသက်ပြင်းပူတွေချည်း
လှိမ့်ချနေမိသည်။ ကုတင်စွန်းတစ်ခုဆီမှာ ထိုင်
နေကြတဲ့ လူနှစ်ယောက်လုံးရဲ့ မျက်ဝန်းမှာလဲ
မျက်ရည်တွေနှင့်… အပြာနုရောင် လူနာဝတ်
င်္အကျီလေးနှင့် Baekhyunပုံစံဟာ ဖြူဖျော့
ဖျော့…

"ဖိုးဖိုးကို Baekhyuneeကတိပေးခဲ့တယ်…
Yeolကို စွန့်လွှတ်ဖို့…!!"

"ဘာလို့လဲ??"

Baekhyunရဲ့ စကားအပြီးကိုတောင်မစောင့်
ဘဲဖြတ်မေးလိုက်မိသည်။ ပြီးတော့ Chanyeol
ကုတင်ပေါ်ကဆင်းကာ ခြေဆင်းထိုင်နေတဲ့
Baekhyunရှေ့ကို ခပ်ဖြေးဖြေးချင်းဒူးထောက်
ပြီးထိုင်လိုက်သည်။ အကြင်သူသည် ခေါင်းငုံ့၍
ရှိုက်ငိုနေဆဲ…မထိတွေ့ရတာကြာပြီဖြစ်တဲ့
လက်ဖျားသွယ်သွယ်လေးကိုဆုပ်ကိုင်လိုက်
တော့ အေးစက်ခြင်းက ဒီလူကိုသွေးပျက်စေ
သည်။

"အတိတ်က အဲ့လောက်တောင်ခါးသီးခဲ့တာ
လား??ကိုယ်မသိခဲ့ဘူး…ကိုယ်တကယ်အသုံံး
မကျခဲ့ဘူး…!!"

"ဟင့်အင်း…Yeol…!!အဲ့လိုမျိုးကိုယ့်ကိုယ်ကိုယ်
အပြစ်မတင်ပါနဲ့  !!Yeolဘက်ကမှားတာမရှိခဲ့
ပါဘူး…တစ်ခုလေးမှ မမှားခဲ့ပါဘူး!!ဟင့်…ဟင့်
Baekhyuneeကသာ…"

နာကျင်ရတာချင်းအတူတူ ကိုယ်ကခံစားရုံသာ
ခံစားခဲ့ရပေမယ့်သူက ဘဝပါပျက်ခဲ့ရသူ…အခု
သူကပဲ ကိုယ့်ကိုပြန်လည်နှစ်သိမ့်ပေးနေရတယ်
တဲ့လား??Baekhyunဟာ နူးညံ့တယ်ထင်ရ
ပေမယ့် ဘာလို့ ကိုယ့်ထက် တောင့်ခံနိူင်ခဲ့ရတာ
လဲ??အကြောင်းရင်းက တစ်ခုထဲရှိတယ်…သူ
ကို်ယ့်ကိုချစ်လို့…

အဲ့ဒီ အချစ် ကိုပဲအပြစ်တင်လိုက်ချင်သည်။
ကိုယ်ဟာဘာမို့လို့…ကိုယ့်ကို ဒီလောက်ထိ
ရှုးသွပ်ခဲ့ရသလဲ??

"ဟုတ်တယ်…!!ချစ်…မှားတယ်…!!ချစ်ရဲ့ ဘဝ
ဒီလောက် ခါးသီးနေခဲ့တာကို ကြမ်းတမ်းနေခဲ့
တာကို တစ်ခွန်းမှ ကိုယ့်ကိုအသိမပေးဘဲ …ချစ်
ဘက်က လုပ်ချင်ရာလုပ်သွားတာ…!!"

Baekhyun ဘာမှပြန်မပြောဘဲ ငိုရှိုက်နေခဲ့
သည်။ မျက်နှာကိုငုံ့ချထားတာမို့ Chanyeol
စိတ်မရှည်…

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now