Sun *37*(Unicode +Zawgyi)

2.6K 343 38
                                    

Chanyeolခြေစုံယိုင်ကျသွားခဲ့သည်ကို မျက်
ရည်တွေနဲ့ဝေဝါးနေတဲ့ အမြင်အာရုံတစ်ချို့ဖြင့်
မြင်လိုက်သော်လည်း မဖေးမထားနိူင်…

အခုချိန်မှာ သူ့ကို ဖေးမ ထားနိူင်ဖို့ထက် ကိုယ်
တိုင် မတ်မတ်ရပ်နေနိူင်ဖို့တောင် မနည်းအား
တင်းထားရသည့် အခြေအနေ…အောက်နှုတ်
ခမ်းကိုဖိကိုက်ထားမိတာတောင် တဆတ်ဆတ်
တုန်ရီနေတုန်း…

Chanyeolက လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားပြီး မျက်ဝန်းတွေက Baekhyun
ဆီမှာ ရှိမနေခဲ့…အပြစ်မဲ့ နံရံဖြူဖြူကိုသာဒေါ
သတကြီးစိုက်ကြည့်နေခဲ့သည်။

"Baekhyunee ကိုသူ…သူတို့တွေ Rapeလုပ်
ခဲ့ကြတယ်…"

Baekhyunစကားတွေက နားထဲမှာ မရေတွက်
နိူင်အောင်ပဲ့တင်ထပ်လို့…ခါးသီးလိုက်တာ…

ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်သလို လဲကျနေ
တဲ့Chanyeolကိုကျော်လွန်ကာ Baekhyun
က ကုတင်စောင်းကို ခပ်ဖြေးဖြေးထိုင်ချလိုက်
သည်။ အချိန်ကြာအောင် ငိုကြွေးထားရလို့
Baekhyunမျက်နှာမို့မို့က နီဆွေးဆွေးဖြစ်နေ
ချေပြီ…Chanyeol ချစ်ရသူကိုမော့ကြည့်မိ
တော့ Baekhyun ငိုနေတုန်းပဲ…

"သုံးရက်…သုံးရက်ကြာအောင် ပိတ်လှောင်ခံ
ရတယ်…သူတို့က… သူတို့က ဆေးငတ်နေတဲ့
သူတွေ…ဆေးစွဲနေကြတာ…!!အရှုးတွေလိုပဲ…
သူတို့ဆေးသုံးပြီးလို့ သာယာပြီဆိုရင်
်Baekhyuneeကို တစ်ယောက်ပြီး…တစ်
ယောက်…!!"

"တောက်…!!"

"Baekhyunee အတွက် ငရဲပဲ…မှောင်လာရင်
ကြောက်တယ်…Baekyuneeကြောက်တယ်
Yeol…!!သေသွားရင်ကောင်းမှာပဲလို့တွေးခဲ့
တယ်…!!"

"ဘယ်သူလဲ…ဘယ်ကကောင်တွေက "

"Lee YongKi…Yeolသိပါတယ် သူ့ကို…"

သိတာပေါ့…သိပ်သိတာပေါ့…ကျောင်းတုန်းက
Baekhyunနဲ့ကိုယ့်ကြားမှာ အမြဲပဲစိတ်အနှောင့်
အယှက်ဖြစ်စေခဲ့တဲ့ကောင် …ဒီလိုကေင်က
ဘာတန်လို့ ကိုယ်အမြတ်တနိုးတန်ဖိုးထားရတဲ့
ချစ်ရသူ၏ အသွေးအသားတို့ကိုရက်စက်စွာ
ဖျက်ဆီးကပ်ရသနည်း…။

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now