Sun*28*(Unicode+Zawgyi)

2.6K 330 15
                                    

"ဟိုင်း…!!!ဘော့စ်…"

Chanyeolကအသိအမှတ်ပြူပြုံးပြလိုက်တော့
Wu Krisတို့မျက်နှာကြီးပြုံးဖြီးသွားရကာ စား
ပွဲပေါ်က ဖိုင်တွဲတွေစာရင်းဇယားတွေတစ်ထပ်
လိုက်ကြီး မ ချလာတာတွေ့လိုက်ရသည်။

ထိုသို့ပြုံးပြသည်ဆိုတော့ ဒီမနက်ဒီဆရာတစ်
ယောက်စိတ်ကြည်နေတာ ဗေဒင်မေးနေစရာ
ပင်မလို…ထိုသို့စိတ်ကြည်နေတော့လည်း သူ
စိတ်မကြည်ခင်က မလုပ်ဘဲပစ်ထားသည့်
အလုပ်တွေကို အလျင်အမြန်ခိုင်းရမည်ဟုWu
Krisကတစ်ထစ်ချတွေးထားသည်။Chanyeol
မှာWu Krisရဲ့ အရပ်အမောင်းခန္ဓာ ဒီဇိုင်းထက်
သာလွန်နေသည့် ထိုအလုပ်မည်သည့် ဖိုင်တွေ
စာရွက်တွေမြင်လိုက်ရကတည်းက ခေါင်းကျိန်း
နေတော့သည်။အလုပ်စားပွဲမှာ ဖင်ပူအောင်
တောင်မထိုင်ရသေး…ဒင်းကမညှာမတာ…

"ကျွန်တော့်ကော်ဖီတစ်ခွက်တောင် မတိုက်
တော့ဘူးလား??"

"ကော်ဖီကနောက်မှ သောက်ပါ ဆရာရယ်…
ဝန်ထမ်းတွေမစုံခင် ဆရာ လက်မှတ်ထိုးပေးစမ်း
ပါ…ပြီးရင် ကုန်ကြမ်းဈေးနှုန်းတွေ အရမ်းထိုး
တက်နေတာ…ကျွန်တော်တို့ စက်ရုံတစ်ခုထဲ
ဈေးလဲမတက်…ပုံမှန်ပဲဖြစ်နေသေးတယ်…
ဆရာအိမ်မှာစာရင်းတွေမစစ်ဘူးလား??ဝင်ငွေ
နဲ့ထွက်ငွေမကိုက်နေတာ…ဆရာမသိဘူးလား"

"အံမယ်…!!မင်းကဆရာလား ငါကဆရာလား"

ဒေါသမမြည်သော ဆူပူမူဖြင့်မာန်မဲပစ်တော့
Wu Krisကခပ်ဟဟရယ်သည်။ ဒီကောင်ဘယ်လိုဖြစ်လို့မကြောက်မရွံ့…။
အင်းပါလေ…ကိုယ်ကဆရာ ဟုသာနာမည်ခံ
ထားပေမယ့် တကယ်တမ်းကတော့ Wu Kris
ကသာ လက်ဦးဆရာဖြစ်ခဲ့သည်ပဲ…သုံးနှစ်
ကျော်လေးနှစ်ကာလ ကျော်လွန်လာခဲ့ပြီဆိုပေ
မယ့် မေမေ့လက်ထက်ကတည်းက ယုံကြည်ရ
သော ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သည်လေ…

ယခုလဲကြည့် စာရွက်တွေကို တဖျတ်ဖျတ်လန်
လှောကာဒါလုပ်…ဒါလုပ်နဲ့ ညွှန်ကြားနေချေပြီ။
တစ်ခါတစ်ရံမှာသူကပြန်၍ ဆုံးမတတ်သေး
သည်။

"အသဲကွဲတာလဲကွဲတာပေါ့…ဆရာရယ်…ဒါပေ
မယ့်လည်း အလုပ်ကိစ္စကိုတော့ မလစ်ဟင်းပါ
စေနဲ့လား??"

ဆိုပြီး…ရုပ်တည်နဲ့ပြောတတ်သေးတာမို့ ကိုယ့်
မှာ ပြည့်ပြည့်ဝဝအသဲမကွဲရဲ…မခံစားပြရဲ…

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now