Sun*26*(Unicode+Zawgyi)

2.9K 354 28
                                    

"Kyung Soo ah...Baekhyuneeဒီနားခဏ
သွားမလို့...!!"

"ဒီနားဆိုတာက ဘယ်နားထိလဲ?"

"ဒီနှစ်လမ်းကျော်ကကုန်တိုက်ကို...!!"

"ဘာသွားဝယ်မလို့လဲ...မှောင်နေပြီလေကွာ
ခဏလေးစောင့် ငါပါလိုက်ခဲ့ပေးမယ်...!!"

"ဖုန်းပြောနေတယ်မလား??ဆက်ပြောပါ
Baekhyunee ခဏလေးပဲ...ဆေးသွားဝယ်
ချင်လို့...!!"

Kyung Sooဘယ်သူနဲ့ဖုန်းပြောနေတယ်ဆို
တာBaekhyunသိသည်။ Kim Kaiနှင့်သူ့မှာ
ကလဲ Baekhyunတို့လို နေ့တိုင်းတွေ့ဖြစ်တာ
မဟုတ်...မအားလပ်တာများသောKim Kai
ကအခုတစ်လောမှ အလုပ်ကြိုးစားနေပုံရသည်။
ကျောင်းကိုပင် ပုံမှန်သိပ်မလာဖြစ်...အရင်
လက်ယျား လက်ယျားအချိန်ဖြုန်းနေတာထက်
စာရင် အခုလိုကြိုးစားနေတာက ကောင်းတယ်
ဟုKyung Sooကပြောလေရဲ့...တွေ့ဖို့အချိန်
တွေပင်နည်းပါးတာကြောင့် ဖုန်းနဲ့သာ အသံ
နားထောင်ရခြင်းမို့...Baekhyunအားနာရပါ
သည်။

ကိုယ့်မှာလဲ မနေ့ညကငိုတာလဲများ Chanyeol
နဲ့နေခဲ့တာကလည်း တစ်ညလုံးနီးပါးဆိုတော့ ကိုယ့်ကျန်းမာရေးက သိပ်ပြီးအခြေ
အနေမကောင်းတော့ဘူးထင်...ဘွတ်ဖိနပ်ကြိုး
ကို ကုန်းချည်နေသည်ကို အပြီးထိ Kyung Soo
က ကြည့်နေခဲ့သေးသည်။Kyung Sooစိတ်ထဲ
မှာဘာကြောင့်မှန်းမသိ...Baekhyunအား
စိုးရိမ်စိတ်လွန်ကဲနေချေသည်။

"ဟိုဘက်လမ်းကမှောင်တယ် ဂရုစိုက်နော်!!"

"အင်းပါ...!!"

"ဝယ်ပြီးတာနဲ့ တန်းပြန်လာခဲ့နော်...!!ဘယ်မှ
ဝင်မနေနဲ့...!!"

"Kyung SooကလဲBaekhyuneeကဘယ်
တော့မှပြန်မလာမယ့်သူကျလို့...သွားပြီတာ့
့တာ!!"

လက်လေးခပ်သာသာ ဝှေ့ယမ်းကာထွက်သွား
သောBaekhyun၏ကျောပြင်သေးသေးလေး
အား မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ Kyung
Sooကသက်ပြင်းတစ်ချလိုက်သေးသည်။ဒီနား
နဲ့ဟိုနားသွားတာတောင်တာ့တာကပြလို့...

"ဟေ့...ပြီးပြီလား??"

အဲ>< ဖုန်းကိုနားနားလေးကပ်ကပ်ခြင်း ကြား
လိုက်ရသော ဆောင့်ကြီးအောင့်ကြီးအသံ
ကြောင့်Kyung Sooမှာအနည်းငယ်ပင်လန့်
လန့်ဖျပ်ဖျပ်ဖြစ်သွားရချေသည်။

Sun Half&Moon Half (Completed )(Unicode)Wo Geschichten leben. Entdecke jetzt