Sun *6*(Unicode.+Zawgyi)

4.9K 497 34
                                    

"Kyung Soo ahh…!!!"

ကြောင်နနနဲ့ ခေါ်သံအဆုံး Kyung Sooကလဲ
မအူမလည်ပြန်ကြည့်သည်။

"ဒါ Park Chanyeolက မင်းနာမည်ရေးပေး
မလို့လုပ်တုန်း ငါ့ကိုစိတ်တိုပြီးအရေးမှားသွား
တာဖြစ်မှာပေါ့…!!!"

"အဓိပ္ပါယ်မရှိတာ…!!"

"မသိဘူးလေ…မင်းပြောသလိုအခန်းမှားသွား
တာလဲဖြစ်နိူင်…"

"Baekhyuneeပြောတုန်းကျတော့ အဓိပ္ပါယ်
မရှိဘူးဆို…ခုကျတော့ နာမည်တိတိကျကျနဲ့
ပေးလာတာတောင် အခန်းမှားဦးမှာလား…??"

မတရားချက်…Baekhyunနာမည်နဲ့ သူ့နာမည်
နဲ့ကိုများမှားတောင်ရေးရဦးမယ်><

မဟာရွှေဉာဏ်ရှင်…

ခုတစ်ဖန် မျက်လုံးလေးကလယ်ကလယ်ဖြစ်
ရသူက Kyung Soo…ပိတ်ဟောက်နေသူက
Baekhyun…

"မှန်မှန်ဖြေ…Baekhyuneeမသိအောင်
Kyung Sooဘာတွေခြေရှုပ်ထားတာလဲ…??
Baekhyuneeက ပေါ်တင်နော်…ဘာမှဖုံးကွယ်
ထားတာမရှိဘူး…အခု Kyung Sooကမှ Baekhyuneeမသိအောင် ဘာတွေ ခိုးလုပ်
ထားမှန်းမသိဘူး…ပန်းစည်းတွေဘာတွေတောင်အခန်းရှေ့ရောက်လာပြီ…Baekhyunee
တောင်မရဖူးဘူး…!!!"

"ဒါဆို…အဲ့ဒါမင်း ယူလိုက်…!!ငါပေးတယ်…"

"Do Kyung.Soo…!!Baekhyuneeက မရ
လို့ဝမ်းနည်းနေတာမဟုတ်ဘူး…အခုအဲ့ပုံစံနဲ့
တူနေလို့လား…Baekhyuneeကျမရဘူး…
Kyung Sooကျရတယ်ဆိုပြီး…!!"

"တူနေတယ်လေ…!!"

"ဟာ…!!!"

ပန်းစည်းကိုပဲ Kyung Soo၏ရင်ဘတ်ဆီအ
တင်းပြန်ပေးတော့ Kyung Sooက သဘော
ကျစွာ ရယ်သည်။ခပ်စူစူဖြစ်သွားသော Baekhyun၏ ချယ်ရီရောင် နှုတ်ခမ်းပါးအား
လက်ညိုးဖြင့် ထိကာ…

"စူမနေနဲ့…ငါလဲသိတာမှမဟုတ်တာ…ဘယ်
သူလာပေးပေး…မင်းမကြိုက်ရင်လဲ ငါလွှင့်ပစ်
လိုက်မယ်လေ…!!!"

အဲ့လိုကျတော့လဲ မဟုတ်ပြန်…

"မလွှင့်ပစ်ပါနဲ့…နှမြောစရာ…!!!"

"အာ့ဆိုလည်း အလှပန်းအိုးထိုးလိုက်မယ်လေ
အဆင်ပြေလား…???"

Baekhyunက ခေါင်းညိမ့်ပြတော့ Kyung Soo
ကပြုံးကာ အညိုရောင်ခပ်ပြေပြေရှိတဲ့ Baekhyun၏ ဆံပင်တွေကိုထိုးဖွလာလေ
သည်။

Sun Half&Moon Half (Completed )(Unicode)Donde viven las historias. Descúbrelo ahora