SENTIMENTAL

3.7K 299 14
                                    

❄1❄

ပထမအကြိမ်​​တွေ့ဆုံခြင်း....။(အမှတ်​တမဲ့)

တောင်​ကိုးရီးယားနိုင်​ငံ ၊ ဆိုးလ်​မြို့။
မြောင်​ဒုံးဘုရား​ကျောင်း....။

နေ့တာတို၍ညတာရှည်​​သော ​ဆောင်းရာသီ
ည​နေခင်းသည်​ မြူ ​ငွေ့များနှင့်​ ​မှောင်​ရိပ်​သန်း
လျက်​...။

ဘုရားဝတ်​ပြုရာ ခုံတန်းရှည်​တွင်
ငို​ကြွေး​နေ​သော အနက်​​ရောင်​အ​နောက်​တိုင်း
ဝတ်​စုံနှင့်​ ​10နှစ်​အရွယ်​သာရှိမည့်​ကောင်​​လေး။

"​ကျေး​ဇူးပြု ပြီး ကျွန်​​တော့်​ အ​မေကို
ပြန်​​ခေါ်​ပေးပါ!! ကိုယ်​​တော်​......
ကိုယ်​​တော်​​ပြောရင်​ ဘုရားသခင်​က
လက်​ခံမှာပါ။ ​ကျေးဇူးပြု ပြီး...​မေ​မေ့ကို
ကျွန်​​တော့်​ဆီပြန်​​ပို့​ပေးပါ!!!"

လက်​ဝါးကပ်​တိုင်​မှ ကိုယ်​​တော့်​ကိုကြည့်​ရင်း
တိုင်​တည်​​နေသည့်​ ထို​ကောင်​​လေး။

ကောင်​​လေး၏ မျက်​ရည်​ကို ဘယ်​သူ့မှ
ဂရုမပြုမိကြ။..

ဘုရား​ကျောင်းဝန်းအပြင်​တွင်​သာ လူအများ
ရှုပ်​​ထွေး​​နေ​သော်​ငြား ဝတ်​ပြုသည့်​​နေရာ
တွင်​ ထို​ကောင်​​လေးမှ လွဲ၍ မရှိ။...

ထိုအချိန်​ ဘုရား​ကျောင်းဝတ်​ပြုသည့်​​နေရာ
သို့ တံခါး တွန်းဖွင့်​ကာ အသည်းအသန်
ပြေးဝင်​လာ​သော လူတစ်​​ယောက်​။...

သူလှည့်​ကြည့်​မိ​သော်​လည်း ဘုရား​ကျောင်း
၏မှိန်​​ဖျော့​ဖျော့မီးများ​ကြောင့်​ သူ​သေချာ
မမြင်​ရ..။

"ကိုယ်​​တော်​ ကျွန်​​တော့်​ ကို ကယ်​ပါ!!!
ကျွန်​​တော်​ အမှားလုပ်​မိပြီ.!!ကိုယ်​​တော်​!!
ကျွန်​​တော်​ ဘုရားမကြိုက်​တဲ့ အလုပ်​ကို
လုပ်​မိပြီ!!! ​ကျေးဇူးပြုပြီးကယ်​တင်​​ပေးပါ။"

ခုံတန်းရှည်​​တွင်​ဝင်​မထိုင်​ဘဲ ကြမ်းပြင်​တွင်
ဒူး​ထောက်​ကာ ရှိုက်​ကြီးတငင်​ ​တောင်းဆု
ခြွေ​နေသည့်​ ထိုလူသားကို သူကြည့်​​နေမိသည်​။

ထိုလူသား၏ ​ငို​ကြွေးသံက ​ဘုရား​ကျောင်း
အတွင်း ပဲ့တင်​ထပ်​လျှက်​...။

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now