SENTIMENTAL

4K 355 103
                                    

❄Sentimental❄

" သူ​ဌေးတို့ သိပ်​ကံ​ကောင်းတာဗျ...
ဒီနှစ်​ ကျွန်​​တော်​တို့​ဒေသက...မုန်​ညှင်းခင်း
တွေ...ပိုးကျတာ အ​တော်​များတယ်​။..
ဒါ​ပေမဲ့ သူ​ဌေးတို့ မုန်​ညှင်းခင်း​တွေ
ပိုးသိပ်​မ​တွေ့ဘူး။.."

နယ်​ဘက်​တွင်​ ကိုကိုဝယ်​ထားသည့်
စိုက်​ခင်းများကို ထိန်းသိမ်း​ပေးရသည့်​..
ဒေသခံ လူကြီးက သူနှင့်​ကိုကို့ ကို
မုန်​ညှင်းခင်းလိုက်​ပြရင်း...ပါးစပ်​ကလဲ..
မနားတမ်းလွှတ်​သည်​။...

ထို လူကြီး အ​ရှေ့ကသွားသမျှ...
သူ နှင့်​ ကိုကို က အ​နောက်​ကလိုက်​ရ၏..

စိုက်​ခင်းကြီးက ကျယ်​လိုက်​တာ။

~("ကိုယ်​ နယ်​ဘက်​မှာ မုန်​ညှင်းစိုက်​ခင်း
လေး ဝယ်​ထားတယ်​။ ကိုယ်​တို့အသက်​ကြီး
လို့် နယ်​ဘက်​​မှာ​နေကြရင်​ အဲ့ဒီစိုက်​ခင်း​လေး
နဲ့ပဲ အိုစာမင်းစာ ရှာကြမယ်​။..")~

ကိုကို ​ထိုသို့​ပြောတုန်းက သူထင်​ခဲ့တာ
ပေတစ်​ရာ ပတ်​လည်​ စိုက်​ခင်း​လေး​ပေါ့။..

အခု​တော့ စိုက်​ခင်းက ၂ ဧက ​ကျော်​တယ်​။...

စိုက်​ခင်းအတွက်​ လူမနိုင်​လို့ အလုပ်​သမား
၁၀​ယောက်​ ထပ်​ငှါးရသတဲ့...

ဒီ​လောက်​အကျယ်​ကြီးကို...စိုက်​ခင်း​လေးတဲ့

အံ့သြပါ့။ကိုကိုရယ်​။

"ဆူး ဘယ်​လိုလဲ ကြိုက်​ရဲ့လား။ စိုက်​ခင်းကို"

သူ့ကို အသံတိုးတိုးနှင့်​​မေးလာသည်​။

" အင်း...ကြိုက်​တယ်​။ "

သူ တကယ်​လဲ စိုက်​ခင်း​ကို...
သ​ဘောကျမိတယ်​။...

စိမ်းလန်း​နေတဲ့...​တောင်​ကုန်း​လေး
တွေကြားက...အစိမ်း​ရောင်​ မုန်​ညှင်းစိုက်​ခင်း
ပြင်​ကျယ်​သည်​...သူ့စိတ်​ကို...
ငြိမ်းချမ်းသွား​စေသည်​။...

ရုတ်​တရက်​...
အရှိန်​ပြင်းပြင်းတိုက်​ခတ်​လာသည့်​​လေကို...
သူ...ရှူ ရှိုက်​လိုက်​​တော့...

မြေသင်းနံ့​က...​မွှေးခနဲ...။

" သူ​ဌေးတို့ စိုက်​ခင်းထဲ ​လျှောက်​ကြည့်
ဦး​နော်​။..ကျွန်​​တော်​ ဂို​ဒေါင်​မှာ ပစ္စည်း
သွားယူလိုက်​ဦးမယ်​။"

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now