SENTIMENTAL

1.9K 272 86
                                    

❄14❄

တောင်​ကိုးရီးယားနိုင်​ငံ၊ဆိုးလ်​မြို့။

Seodaemun အကျဉ်း​ထောင်​...။

မ​မျှော်​လင့်​ပဲ...ထပ်​မံ​တွေ့ဆုံရသည့်​...
ထိုလူသား။...

သူ့ဘဝတွင်​...အမုန်းဆုံး​သော...
အနာကြည်းဆုံး​သော....ထိုလူသား။...

လွန်​ခဲ့သည့်​ ၈နှစ်​​ကျော်​ကာလက...
သူ့ကို....စာတစ်​​စောင်​တစ်​​လေမျှ....
မချန်​ခဲ့ဘဲထားရစ်​ခဲ့​သော...ထိုလူသား။...

အပြာ​ရောင်​​ထောင်​ဝတ်​စုံနှင့်​...ထိုလူသည်​...
သူ့ကို မြင်​​သော်​လည်း...အံ့သြခြင်း...
ရှိမ​နေ။...

သူကသာ...ဒီ၈နှစ်​အတွင်း ဒို​ဂျောင်​ဆူး...
ဘာ​တွေဖြစ်​ခဲ့လဲဆိုတာ...အ​ဖြေရှာရင်း....
ပြောချင်​သည့်​စကားများက...ရင်​နှင့်​အမျှ...
ပြည့်​ကျပ်​လာသည်​။...

"​ဒေါက်​တာ ဝူ"

သူ့​ဘေးနားက...အကူနာ့စ်​မ​လေးက...
လှမ်း​တို့မှ...ထိုလူသားကို...စိုက်​ကြည့်
နေမိမှန်း...သတိထားမိသည်​။...

သူ...​ပေကျင်း​ဆေးရုံမှ...ဆိုးလ်​​ဆေးရုံ
တစ်​ခုသို့...ဆရာဝန်​အ​ပြောင်းအလဲ...
လုပ်​ခံရ၍...၃ပတ်​သာအလုပ်​ဆင်းပြီး​နောက်​..
ဤ​နေရရာသို့...လုပ်​အား​ပေးဆရာဝန်​...
အ​နေနှင့်​...​ရောက်​လာခြင်းဖြစ်​သည်​။...

"နာမည်​က..."

သိနှင့်​ပြီးသား...အမည်​နာမအား...
ဆရာဝန်​တို့ ဝတ္တရားရှိသည့်​အတိုင်း...
မေးမြန်းရခြင်းက...ကသိက​အောက်
နိုင်​လွန်း၏...။

"ဒို​ဂျောင်​ဆူး ပါ။"

သူ့အား တစ်​ခါမှ...မသိကျွမ်းခဲ့ဖူးသလို...
မျက်​နှာပျက်​ယွင်းခြင်းမရှိဘဲ​ဖြေ၏။...

*​​မုန်းဖို့​ကောင်းတဲ့လူ*

သူ​ရော....ထိုလူပါ...အသက်​အရွယ်​ရ...
ထိပ်​စီး ဂဏန်း​ပြောင်းခဲ့ပြီဖြစ်​​သော်​လည်း...

ဒို​ဂျောင်​ဆူးက...ယခင်​လိုပင်​....
နုဖတ်​​ဖျော့​တော့​သော...မျက်​နှာနှင့်​...
အသားအရည်​ကိုပိုင်​ဆိုင်​ထားဆဲ။...

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now