SENTIMENTAL

2.3K 280 21
                                    

❄4❄

"လကုန်​ရင်​ မင်း အိမ်​ပြန်​လို့ရတယ်​။ဆယ်​ဟွန်း"

"သခင်​​လေးရဲ့ အကိုလာမှာမို့လို့လား။"

သခင်​​လေးကမ​ဖြေ ​ခေါင်းသာညိတ်​သည်​။

သခင်​​လေးက ​အရွယ်​​ရောက်​ပြီးသား
ယောကျာ်းတစ်​ဦးဖြစ်​ပါလျက်​...

အစ်​ကိုရဲ့ အုပ်​ထိန်းမှု​အောက်​ကရုန်းမထွက်
နိုင်​တာလဲ သူစဉ်းစားမရ။

တကယ်​ဆို သခင်​​လေးမှာရုန်းထွက်​ဖို့ အခွင့်​အ​ရေးအများကြီးရှိသည်​။

သူကြည့်​ရသ​လောက်​ သခင်​​လေးကိုယ်​တိုင်​က
သူ့အစ်​ကိုရဲ့ အုပ်​ချုပ်​မှု​အောက်​မှာပဲ ​နေချင်​သည့်
ဆန္ဒရှိပုံရသည်​။..

အမှီအခိုနှင့်​မှ ​နေချင်​သည်​။...

တစ်​​ယောက်​ထဲမရပ်​တည်​ချင်​.....။

လောဘလဲရှိပုံမရ။...

သူက​တော့ ထိုသို့်မဟုတ်​...

ဘဝဆိုတာ adventure ​လေးနဲ့မှ
ကောင်းသည်​။...

လောဘလဲရှိသင့်​သ​လောက်​​တော့
ရှိရမည်​။ဒါမှပဲတိုးတက်​မှာ​လေ။

နေ့တဒူဝ စားလိုက်​အိပ်​လိုက်​နဲ့​နေရသည်​မှာ
ပျင်းရိဖွယ်​လို့ထင်​သည်​။...

သူ သခင်​​လေးကို ​လောကမှာရှိတဲ့
မတူညီတဲ့ဘဝ​တွေအ​ကြောင်းသိ​စေချင်​သည်​။

အခုလို သူတစ်​ပါးအုပ်​ထိန်းမှု​အောက်​က
သခင်​​လေးထက်​...

အ​တောင်​ဖြန့်​ပြီး ​လောကကို ကျင်​လည်​​နေသည့်
သည့်​ သခင်​​လေးဖြစ်​​စေချင်​သည်​။...

"ကျွန်​​တော်​ သခင်​​လေးရဲ့ စာအုပ်​စင်​ကို
ဖုန်​ခါထား​ပေးတယ်​။ "

"ဟုတ်​လား ။ ​ကျေးဇူးပဲ..။"

သခင်​​လေးက စာအုပ်​စင်​ကိုကြည့်​ရင်း
ဖြေသည်​။

"ကျွန်​​တော်​တို့ ဘုရား​ကျောင်းသွားရ​အောင်​။"

"ဘာလုပ်​မလို့လဲ။"

"ဟာဗျာ! ဘုရား​ကျောင်းသွားပါမယ်​ဆိုမှ
ဝတ်​ပြုဖို့​ပေါ့​ဗျ! မဟုတ်​မှလွဲ​ရော သခင်​​လေး
က ဘာသာမဲ့လား!"

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now