SENTIMENTAL

2.4K 295 6
                                    

❄2❄

လက်​ထဲရှိစီးကရက်​ကို ပြာခွက်​ထဲ​ချေမွရင်း
လက်​ကျန်​ ဘရန်​ဒီကို အပြီးသတ်​​မော့လိုက်
သည်​။

ဂျောင်​ဆူးအိပ်​ခန်းအတွင်း Chopin၏
တေးသွားများက ပျံနှံ့​နေ၏။...

အင်း။သူ အထီးကျန်​သည်​။...

ပေကျင်းမှာ ​နေထိုင်​ခဲ့တာ ၁၀နှစ်​ပြည့်​​တော့
မည်​ဖြစ်​​သော်​လည်း သူ အခုထိ​နေသားမကျ​သေး။..

ကိုးရီးယားလူမျိုး သူ့အတွက်​ ​ပေကျင်းမှာ
မိသားစုမရှိ ၊ အ​ပေါင်းအ​ဖော်​မရှိဘဲ​နေရသည်
မှာ ခက်​ခဲလွန်း၏။...

သူ ဆိုးလ်​သို့ ပြန်​ချင်​​ပါ​သော်​လည်း...
ကိုကို ​ကြောင့်​ ဆန္ဒကို ချုပ်​တည်းထားရသည်​။..

ကိုကို...

သူ့ဘဝမှာ အချစ်​ရဆုံး ၊ ​နှစ်​​ယောက်​မရှိသူ။

ကိုကိုသာလျှင်​ သူ့ဘဝ...

ကိုကိုသာလျှင်​ သူ့ကမ္ဘာ...

ကိုကို့ရဲ့
'တစ်​​နေ့ကျရင်​ကိုယ်​တို့အတူ​နေရမှာပါ'
ဆိုသည့်​ သူ့အတွက်​ စိတ်​သက်​သာရာ​ရ
အောင်​ ​ပြောသည့်​ စကားတစ်​ခွန်းအတွက်
သူ ဒုက္ခခံ​နေရတာ ၁၀နှစ်​နီးပါး...။

အခုထိ ကိုကို ကတိမတည်​​သေးပါ။...

ဟင့်​အင်း ကတိကို ချိုး​ဖောက်​ခဲ့တာဆိုပိုမှန်​သည်​။

ကိုကို က လွန်​ခဲ့သည့်​၎ နှစ်​က လက်​ထပ်​ခဲ့သည်​။

စီးပွား​ရေးလုပ်​ငန်းရှင်​တစ်​ဦး၏ သမီးနှင့်​။

သူ လက်​မထပ်​ဖို့အကြိမ်​ကြိမ်​​တောင်းဆို
ခဲ့သည့်​ကြားမှ ကိုကို ဖြစ်​​အောင်​လုပ်​ခဲ့သည်​။

ကိုကို့ လက်​ထပ်​ပွဲ​နေ့က သူ အဆုံးစီရင်​ဖို့
ကြိုးစားခဲ့သည်​။

သူ့ သတင်းကြားကြားချင်း ကိုကို ​ပေကျင်းကို
ချက်​ချင်း​ရောက်​လာခဲ့သည်​။...

လက်​ထပ်​ပွဲ​တော့မပျက်​ခဲ့ပါ၊

ပြီး​တော့

ကိုကိုက သူမကို မချစ်​ပဲနဲ့ သူ့အတွက်​လက်​ထပ်
ခဲ့​ကြောင်း ၊

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now