SENTIMENTAL

2K 283 74
                                    

❄13❄

"ငါ့ သားနဲ့ လမ်းခွဲ​ပေးပါ "

သူ အလုပ်​လုပ်​ရာ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေး
ဂေဟာသို့ ​ရောက်​ရှိလာပြီး ဟွန်း အ​ဖေ
ပြောသည့်​စကား။

ခေါင်းငုံ့လျက်​...​မြေပြင်​​ပေါ်ရှိ သူ့ဖိနပ်
အဖြူ ​လေးကိုသာစိုက်​ကြည့်​​နေမိသည်​။...

ပြောစရာစကားမရှိ။...

ဟွန်းကို သူ လွှတ်​​ပေးလိုက်​ချင်​​သော်​လည်း..
ဟွန်းမရှိရင်​ မ​နေနိုင်​သူက...သူကိုယ်​တိုင်​ပင်
ဖြစ်​​နေ​သောအခါ...။

" ငါ့သားက အခုလို​နေရမယ့်​က​လေး
မဟုတ်​ဘူး။.. သူ့ ဘဝ ၊ သူ့ရည်​မှန်းချက်
နဲ့ ​ရှေ့ဆက်​ပြီး အမြင့်​မှာ​နေရမှာ"

ဟွန်းအ​ဖေသည်​ သူ့ကို ထိုစကား​ပြော
နေ​သော်​လည်း...မျက်​လုံးထဲတွင်​...
သူ့အား သနား​နေ​သောအကြည့်​များ...
အနည်းငယ်​ပါ​နေသည်​။...

" ကျွန်​....ကျွန်​​တော်​...ဟွန်းနဲ့ လမ်းမခွဲနိုင်
ဘူး။ အန်​ကယ်​။ ဒါ​ပေမဲ့...ကျွန်​​တော်
ဟွန်းကို...​ဆေး​ကျောင်းတက်​ဖို့တိုက်​တွန်းမှာပါ။
အန်​ကယ်​လိုချင်​တာ..ဟွန်း ​ဆရာဝန်​ဖြစ်​ဖို့ပဲ
မလား။"

" အားလုံးမင်းထင်​ထားသလို..ရိုးရိုး​လေးနဲ့
ပြီးသွားမယ်​ထင်​​နေလား။ ဒို​ဂျောင်​ဆူး!"

"..."

" ရှီရွှင်းက ​ဆေး​ကျောင်းတက်​ပါပြီတဲ့...
ပြီးရင်​ သူ ဆရာဝန်​ဖြစ်​လာမယ်​။ အဲ့ဒီအခါ
ကျရင်​​ရော...ရှီရွှင်း စိတ်​​က မင်းအ​ပေါ်
မ​ပြောင်းလဲဘဲ ရှိ​နေဦးမယ်​ထင်​လို့လား။
အလုပ်​ခွင်​မှာ သူ နဲ့ အရွယ်​တူ...
လုပ်​​ဖော်​ကိုင်​ဖက်​ မိန်းက​လေး
တွေလဲ ရှိလာမှာပဲ။ သူ မသာယာသွားဘူးလို့
မင်းတပ်​အပ်​​ပြောနိုင်​လား။ "

ဟင့်​အင်း ၊ မ​ပြောနိုင်​ဘူး။

ဟွန်းလဲ​ယောကျာ်း​လေးပဲ..သာယာနိုင်​တာ
ပေါ့။

ဒါ​ပေမဲ့ သူ ဟွန်းကိုယုံသည်​။..

ဟွန်းက သူ့ကို ဘယ်​​တော့မှ ထားခဲ့မည်
သူမဟုတ်​။...

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now