Love Pain

2.7K 193 26
                                    

#Zaw Gyi

Yuri's POV

နွေးထွေးတဲ့ လေပြေလေးတွေ ကျွန်မကို ရိုက်ခတ်သွားတိုင်းထိုနွေဦးလေပြေလေးသကဲ့သို့ နူးညံ့နွေးထွေးနေတတ်တဲ့ တချိန်က ရင်ခွင်တစ်ခုကို တောင့်တမိတယ်။ပြာလဲ့နေတဲ့ ကောင်းကင်ကြီးနဲ့ တလက်လက်ထနေတဲ့ ဒီရေကန်က ကျွန်မ မပျောက်ကွယ်သွားရသေးတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပေါ့။

အတိတ်တွေကကျွန်မကို တကယ်ပျော်ရွှင်စေခဲ့ပါလား။

"ငါ့ကို ခွင့်လွှတ်ပေးပါ။" သူနဲ့တူတူ ဆိုက်ခဲ့တဲ့ ပန်းလေးတွေကို သီကုန်းရင်း သူခွင့်လွှတ်မှုကို ၅နှစ်တိတိ မပျက်မကွက်တောင်းခံခဲ့တယ်။သူ ကျွန်မကို ခွင့်လွှတ်နိုင်ပါ့မလား။တကယ်တော့ သူခွင့်လွှတ်နိုင်လည်း ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။

လွမ်းဆွတ်ခြင်းနဲ့အတူ စီးကျလာတဲ့ ခံစားချက် မျက်ရည်စီးချောင်းကြီးကိုလွယ်ရင်း အတိတ်တွေဆီ ပြန်လှည့်လာခဲ့တော့တယ်။

"Acqua!!!!" မီးနဲ့ရေ က ဘယ်လိုမှ ပေါင်းစပ်မရနိုင်ဘူးတဲ့။ကျွန်မလေ မိုက်မိုက်မဲမဲ မယုံကြည်ခဲ့ဘူး။

အဲလိုမိုက်မဲခဲ့လို့လည်း ကျွန်မ နှလုံးသားတစ်ခုလုံး လောက်ကျွမ်းသွားခဲ့တယ်။ကျွန်မသာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကအချိန်တွေဆီ နောက်ပြန်ဆုတ်ခွင့်ရရင် ကျွန်မကို ကျွန်မပြောင်းလဲ ပစ်လိုက်မိမှာ အမှန်ပဲ။ခုတော့ ပျက်စီးသွားတဲ့ အတိတ်တွေထဲ အမှတ်တရလေးတွေကို တစ်ခုစီပြန်ကောက်ရင်း ပြန်စီဖို့အကြိမ်ကြိမ်ကြိုးစားနေမိတယ်။

ဒါပေမဲ့ ကျွန်မဘယ်လောက်ကြိုးစားကြိုးစား အတိတ်တွေက ပြောင်းလဲမသွားခဲ့တော့ဘူး။

"ဘာလို့လဲ????"ကျွန်မ အကြိမ်ကြိမ် မေးခွန်းထုတ်နေမိတယ်။

သော့ခတ်ထားတဲ့ အခန်းတံခါးလေးရှေ့မှီရင်း ကြွေလွင့်ပျောက်ကွယ်သွားပြီဖြစ်တဲ့ သူရဲ့ အငွေ့အသက်လေးတွေကို ဖမ်းမိနိုင်မလား မျှော်လင့်နေမိတယ်

ဒါပေမဲ့ ဘယ်လောက်ပဲ ဖမ်းဆုပ်နိုင်အောင်ကြိုးစားကြိုးစားကျွန်မမဖြစ်မြောက်ခဲ့ဘူး။

MY STELLEWhere stories live. Discover now