Taeny ( Warnning**************)

9.6K 227 36
                                    

#Zawgyi

Tiffany's POV

တခါတလေကျရင် လောကကြီးက ထင်တာထက် ယုတ်မာလွန်းသည်။ကျွန်မလေ သိတတ်တဲ့ အရွယ်ထဲက ဘယ်သူကိုမှ ရောင်လို့တောင် စိတ်နဲ့ မကောင်း မကြံဖူးဘူး...ဒါပေမဲ့ ဘာလို့များ ကျွန်မကျတော့ မကောင်းတဲ့ သူတွေနဲ့ပဲကြုံရင်း ကောင်းတဲ့ သူတွေက ကျွန်မဘေးက ထွက်သွားခဲ့ရတာလဲ...

ကျွန်မ မှာလေ အရမ်း လှပတဲ့ မိသားစုလေးရှိခဲ့ပါတယ်။ပြီးပြည့်စုံတယ်လို့ မဟုတ်တောင် တော်တော် သာယာဖို့ကောင်းတဲ့ မိသားစုလေးပေါ့...
ခုတော့များ အဲ့သာယာတဲ့ မိသားစုလေးက ငရဲတွင်းကြီးပမာ ပြောင်းလဲသွားခဲ့သည်။နောက်ပြီး အဖေလည်း လုပ်ရက်တာ!!!

ဘယ်လောက်ပဲ အမေဆုံး လို့ စိတ်ညစ်တယ်ဆိုပြီး နောက်မိန်းမ ယူပါစေအုံးတော့ အနည်းဆုံးသမီးလေးရှိတဲ့ ကျွန်မအတွက် မိန်းမတယောက်ကို လွယ်လွယ်မယူပဲ စဥ်းစားခဲ့သင့်သည်။ခုတော့လည်း ကိုယ်ကျိုးအတွက်သာကြည့်ရင်း ကျွန်မ ခန္ဓာမှာ သူတပါးဖျော်ဖြေဖို့အတွက် လိင်ကျွန်ဖြစ်နေခဲ့သည်။ ကျွန်မ က တကယ်တော့ တော်တော် မသန့်ရှင်းတော့တဲ့ လူဖြစ်နေခဲ့တာပါလား...

Kim's Mom- " သမီးလေး နိုးလာပြီလား!!!! "

ကျွန်မ မျက်ရည်တွေမှာ သမီးလေးဟု ခေါ်လိုက်သော နွေးထွေးတဲ့ အသံကြောင့် ကျမဲ့ ဆဲဆဲ ပြန်ဝင်သွားခဲ့သည်။ ဒီအန်တီက ဘယ်သူပါလိမ့်...Taeyeon Sama နဲ့ တော့ ဆင်သား...

Kim's Mom- " သမီးလေး မကြောက်နဲ့နော် အန်တီက Tae Tae အမေပါ..."

" Tae Tae??? " ဘုရား ဒါဆို Taeyeon Sama အမေပေါ့...ကျွန်မ ချက်ချင်းဆိုသလို ကုတင်ပေါ်က ဆင်းရင်း အရိုအသေပေးလိုက်မိသည်။

" အန်တီ မင်္ဂလာပါ..."

Mom- " အယ် သမီးရယ် ဒဏ်ရာတွေနဲ့ နေပါ ရတယ်... အန်တီ စွပ်ပြုတ်လေး နွှေးထားတယ် သောက်လိုက်နော်..."

Taeyeon Sama မှာ ဒီလို စိတ်ထားကောင်းတဲ့ အမေရှိတာ ဘယ်လောက် ကောင်းလိုက်လဲ...ကျွန်မ မနာလိုတောင် ဖြစ်နေမိသည်။

"အန်တီ...အခုလို လုပ်ပေးတာ ကျေးဇူးတင်ပါတယ်...Taeyeon Sama အော် မှားလို့ Tae Tae အတွက် အန်တီရှိတာ တော်တော် ကံကောင်းတာပဲ..."
ကျွန်မ က ပြုံးရင်း ပြောလိုက်တော့ အန်တီက မျက်နှာလေးညိုးကာ ငြိမ်ကျသွားသည်။ ကျွန်မ ဘာများ မှားပြောလိုက်လို့လဲ???

MY STELLEWhere stories live. Discover now