Her Secret Part 7 (Warnning**************)

8.7K 207 23
                                    

#Zawgyi

Krystal's POV

ညချမ်းလေပြေတွေက တယောက်တည်း အိပ်နေရှာတဲ့ ကျွန်မ ရင်ခွင်ထဲ တိုးတိုးလာတော့ ချမ်းသလိုပင် ခံစားလာရသည်။စောင်တွေ အထပ်ထပ် ခြုံထားပေမဲ့လည်း လိုအပ်နေလောက်သည့် အနွေးဓာတ်ကိုတော့ မရခဲ့။

တခါတလေ တွေးမိတယ်။အမြဲ အေးစိမ့်နေတတ်တဲ့ ကျွန်မခန္ဓာကိုယ်ကြီးက ဝဋ်ကျွေးတွေများလား။ ကျွန်မလည်း သူများတွေလို အနှောင်အဖွဲ့ ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်တာပေါ့။ဒါပေမဲ့ ဘာလို့များ ကျွန်မ ခန္ဓာက လူ့ပြည်မှာ ရုတ်တရက် သေဆုံးသွားရတာလဲ။
နတ်မင်းတွေ ပြောတာတော့ မတော် တဆဖြစ်ရင်း ဆုံးတာတဲ့။ဒါပေမဲ့ ဘာလို့လဲ ဘာလို့ ကျွန်မ ဖြစ်နေရတာလဲ!!!ကျွန်မ ဘဝမှာလေ သူတပါးနစ်နာသွားအောင် တစ်ခါမှ မတွေးဘူးသလို လုပ်လည်း မလုပ်မိခဲ့ဘူး။ဒါပေမဲ့ ဘာကြောင့်များ ကံကြမ္မာဆိုးတွေက ကျွန်မဆီ စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့သေးတာလဲ...

".......sighh....... "

ထိုစဉ် အေးစက်နေသော ကျွန်မ လက်ချောင်းလေးတွေကြားသို့ ပူနွေးနေသော သူမ လက်ချောင်းလေးတွေက ပြေးဝင်နေရာယူရင်း ကျွန်မ  လို အပ်နေသည့် အနွေးဓာတ်ကို ဖြည့်စည်းလိုက်သည်။သူမ ဝင်သက်ထွက်သက် အပူငွေ့လေးတွေကလည်း ကျွန်မလည်ပင်းနား အနွေးဓာတ်ပေးနေသည်။သူရဲ့ ကိုယ်သင်းနံ့ သူရဲ့ ယုယမှု သူရဲ့ အထိအတွေ့ဒါတွေအားလုံး ကြည့်တာနဲ့ သူဟာ ကျွန်မရဲ့ STELLE လေးမှန်း သိတာပေါ့။

သူ့ကိုလေ ကျွန်မ စတွေ့တဲ့ အချိန်ထဲက အရမ်း သဘောကျခဲ့ရတာ ခုချိန်ထိပဲပေါ့။သူက အရမ်းဆိုးတယ် လို့ ထင်ရပေမဲ့ တကယ်တော့ စိတ်ထားဖြူတဲ့ ကောင်မလေးတယောက်ပါ။သံယောဇဉ်ကြီးပြီး အချစ်ကို မယုံရဲတဲ့သူပေါ့။တကယ်ပြောရရင် မယုံတာထက် သူချစ်မိသွား
င် ဆုံးရှုံးရမှာကို ကြောက်နေရှာတဲ့သူပါ။

ခုလည်း ကြည့်လေ။ဘယ်လောက်တောင် ချစ်လိုက်လဲ????သေလုလုစဲစဲ ဖြစ်နေတဲ့ ကျွန်မ ကို ကယ်တင်ဖို့အတွက်နဲ့ သူတခါမှ မလိုချင်ခဲ့တဲ့ STELLE သရဖူကို ဆောင်းရင်း ဒီနေရာကို အရယူပြခဲ့သည်။သူအချစ်တွေမှာ အပြစ်မရှိဂှာပါဘူး ရှိနေတာက ကျွန်မ။မပြည့်စုံပဲ သူ့ကို တွယ်တာအောင် လုပ်မိခဲ့တဲ့ ကျွန်မသာလျှင် အပြစ် ရှိတာပါ။

MY STELLEWhere stories live. Discover now