V_K Part 1

15.6K 696 20
                                    

Unicode

****BELL Ring ****

ခေါင်းလောင်းထိုးတာနဲ့ တစ်ပြိုင်နက် ကျောင်းခန်းထဲ ဝင်ပြေးတဲ့သူပြေး ဂိတ်ဝမှာပြူတစ်ပြူတစ်လုပ်နေရင်း
​ကျောင်းဝင်းထဲဲပြေးဝင်လာတဲ့ သူတွေ,

Canteen ကနေ စားနေရင်းတန်းလန်းနဲ့ ထပြေးလာရတဲ့ သူတွေရယ်

ကွင်းထဲမှာကစားနေရာကနေ
​ပြေးကြတဲ့သူတွေ နဲ့
တစ်ကျောင်းလုံး ဝရုန်းသုန်းကား
အသံတွေ ဆူညံလို့နေသည်

အတန်းထဲမှာ အသင့်နေရာယူထားပင်မဲ့ မျက်လုံးတွေက ချွေးသံရဲရဲနဲ့ ဘောလုံးကြီးပိုက်ပြီးပြန်လာတဲ့
သူ့ဆီက​နေအကြည့်မလွှဲတဲ့
ကျွန်​​တော်​ jungkook

သူဆိုတာလား
ကျွန်​​တော်​့Kim TaeHyung လေ
ကျွန်​​တော်​့ကိုရင်ခုန်အောင်လုပ်ခဲ့တဲ့လူသား

ကျွန်​​တော်​့ ရဲ့ထွက်​​ပေါက်​ပိတ်​​နေတဲ့
အ​မှောင်​​လောကကို
သူ့အပြုံး​လေး​တွေနဲ့ အလင်းပြနိုင်တဲ့ သူ

ကျွန်​​တော်​ သိပ်ကို
တန်ဖိုးထားရတဲ့ သူ

ခုလဲကြည့်ပါလား ချေွးတွေနဲ့ ညစ်ထေးထေးဖြစ်နေတာတောင်
ခင်​များကြီးက
ကြည့်လို့ကောင်းနေပြန်တာ

ဟော် ရေသောက်နေတဲ့ ပုံကအစ
ဟူးးးးးးးး
ခက်တာဘဲ Kim Taehyung ရယ်​
ခင်​များကျုပ်​​ကို ဘယ်လို​တွေတောင်ပြုစားနေတာလဲဗျာ...

ကျွန်​​တော်​့အတွေးတွေ မဆုံးသေးဘူး
အရှေ့မှာထိုင်နေတဲ့
စပ်​စလူး စပ်စုစိန်မ ၂ ​ယောက်​က
ကျွန်​​တော်​့Taehyungကို စားမတက်ဝါးမတက်အကြည့်တွေနဲ့ကြည့်
တစ်ခိုးခိုး တခိုးခိုးတခစ်ခစ်နဲ့ရယ်ပြီး ခေါင်းချင်းဆိုင် တွတ်ထိုးနေကြ​တော့

ဒီလူ​ ဒေါသပုန်​ထရတာ​ပေါ့

ဒါ​တောင်​ရှိသေးတယ်
တစ်ခြား​ကောင်​မ​လေး​တွေ
ပေါ်တင်မကြည့်ဘူး
ခိုးခိုးပြီးကြည့်နေတာ မှန်​ကြည်​့သလိုလိုန့ဲ့​လေ အ​နောက်​ကိုရှိုးနေကြတာ
ကျွန်​​တော်​့ ခွက်​ကြီးကို ပစ်​မှား​နေကြတာ

ပြီးတော့ပြောလိုက်သေး Taehyung က ကြီးမှချောလာတာတဲ့လေ ​
ဟုတ်​လဲဟုတ်​​နေတာဘဲ​လေ

အိမ်မက်ပန်းချီ(Vkook) Completed(Zawgyi/Unicode)Where stories live. Discover now