Unicode
"ချစ်တယ် Hyung!!"
ကလေးဘက်က ဗလောင်းဗလဲနဲ့
ထွက်ကျလာတဲ့ ကျွန်တော်အကြားချင်ဆုံးသော
စကားလုံးသူပြောပြောချင်း
အသက်ရှုတွေ ရပ်သွားရသည်
ကလေး က သူ့လက်တွေကို
ကျစ်ကျစ်ပါအောင်စုပ်ထားသည်
ပင်လယ်မှ လှိုင်းသံတို့သည်
တဝေါဝေါ အသံပြုလျက်
အားပေးအားမြှောက်လုပ်ပေးနေသယောင် ချစ်ရပါသော သူသည်
ရွှန်းဝေနေသော
မျက်လုံးတို့ဖြင့်ကြည်ကာ
ကျွန်တော့်ဘက်က
တုန့်ပြန်မှုကို စောင့်နေသည်"ဘာပြောလိုက်တာလဲ..
လှိုင်းသံတွေနဲ့သေချာမကြားလိုက်လို့"တကယ်မကြားလိုက်ဟန်
ဟန်ဆောင်ပြတော့
အဟုတ်အထင်နဲ့"ချစ်တယ်လို့ ...aish...ရှက်ပါတယ်ဆိုမှ..
ဘယ်နှစ်ခါပြောရမှာလဲ"ချာကနဲ လှည့်ထွက်သွားပြီ
Jungkook ရှက်လို့ထွက်သွားတော့မည်ကို
အနောက်ဘက်ကနေ ကျစ်ကျစ်ပါအောင်
သိုင်းဖက်ထားမိသည်Jungkook ရဲ့ပုခုံးလေးပေါ်မေးတင်ကာ
"ယုန်ပေါက်လေး..လူလည်ကျပြီး
အဲ့လိုထွက်ပြေးလို့ရမလား.
အဲ့စကားကိုကြားချင်တာကြာလှရှိနေပြီ
ဒီကစောင့်နေရတဲ့လူက
သစ်ကုလားအုတ်ဖြစ်တော့မယ်"Jungkook မရုန်းတော့ဘဲ
Taehyung
ရင်ခွင်ထဲငြိမ်သက်နေမိသည်.."မှတ်မိသေးလား...
မင်းကျောင်းနောက်ဆုံး
တက်တဲ့နေ့က
ကို်ယ့်ကိုအနောက်ကနေပြေးဖက်တာ
အဲ့နေ့တုန်းကသာ
နောက်ဆုံးတွေ့ရမဲ့ရက်လို့သာ ကို်ယ်ကြိုသိခဲ့ရင်
ကိုယ်မင်းကို အဲ့ထဲက ဖွင့်ပြောမိမှာ..
ချစ်တယ် Jungkook အရမ်း အရမ်းချစ်တယ်
ရူးမတက်ကို ချစ်တယ်
နောက်ပြန်လှည့်လို့မရဘူးနော်
တစ်သတ်လုံးချစ်ရမှာ..."တင်းကြပ်စွာဖက်ထားတဲ့Taehyung
လက်တို့ကိုဖြည်၍ မျက်နှာချင်းဆိုင်ဆုံစေကာ
Taehyung ကို တအံ့တသြ ကြည့်နေမိသည်
YOU ARE READING
အိမ်မက်ပန်းချီ(Vkook) Completed(Zawgyi/Unicode)
FanfictionKim Taehyung Jeon Jung Kook